ထွန်းကျော်ငြိမ်း
ကွန်မြူနစ်စာရေးဆရာတွေနဲ့ကွန်မြူနစ်အနွယ်ဝင်တွေဟာမဆလခေတ်မှာအထူးသဖြင့်မဆလအောက်ခေါင်းငုံ့ဝင်ပြီးရှေ့သို့၊မြဝတီ၊သွေးသောက်၊လုပ်သား၊လမ်းစဉ်၊လူထု(၁၉၆၇ခုအထိ)စတဲ့စာနယ်ဇင်းလောကမှဝင်ရေးကြတယ်။
ဒီလိုနဲ့မဆလတပါတီအာဏာရှင်ဆိုရှယ်လစ်စံနစ်ကိုထောက်ခံရင်းအာပတ်ဖြေတဲ့အနေနဲ့…….
ဖဆပလခေတ်ကလက်ျာအရင်းရှင်စံနစ်ဘယ်လိုဆိုးကြောင်း၊အရပ်သားနိုင်ငံရေးသမားစားဖါးတွေကဘယ်လို၊
ပြူစောထီးကဘယ်ညာ၊စသည်ဖြင့်ရေးတယ်။
ပြီးတော့ဘယ်ရွာဘယ်မြို့မှာဘုရားဒကာကြီးဦးဘယ်သူကဘယ်ခလေးမကိုခြေတော်တင်တဲ့အကြောင်း…..
နိုင်ငံရေးသမားတွေအထဲဦးကျော်ငြိမ်းကတော့အဆိုးဆုံးဘဲ။
ဂိုရှယ်စာတမ်းကိုလုပ်ကြံပြုစုပြီး
.ပြည်တွင်းစစ်ကိုစသူ။
ကွန်မြူနစ်ပါတီကိုတောထဲမောင်းထုတ်သူဆိုတာပါသေးတယ်။
အဆိုးဆုံးကတော့ကွန်ုမြူနစ်နဲ့ပေါင်းမှာစိုးတာကြောင့်ဗိုလ်ချုပ်အောင်ဆန်းကိုပါဦးစောကလုပ်ကြံအောင်အကွက်ဆင်သူအဖြစ်ဘာအထောက်အထားမှာမရှိဘဲလုပ်ကြံဇာတ်လမ်းကိုဖန်တီးဖြန့်လွှင့်ခဲ့ကြတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ ဟာတောထဲမောင်းထုတ်ခံ့ခဲ့ရပါတယ်ဆိုတာ၊
ဗိုလ်ကြင်မောင်လိုထိပ်ပိုင်းလူကအစခံတွင်းအလွန်တွေ့တဲ့
နဲရစ်တစ် narrative ဇာတ်လမ်းတပုဒ်ပါဘဲ။
အဓိကကတော့သူတို့အမြဲတမ်းနှိပ်စက်ခံရသူvictimပါပေါ့။
သူတို့ဟာနိုင်ငံရေးမှာခြောက်ပြစ်ကင်းသဲလဲစင်တွေပါပေါ့။
ထားပါတော့။
သူတို့အဆိုအရ
ဗမာ့နိုင်ငံရေးမှာဗကပသမိုင်းဟာအထွန်းပြောင်ဆုံးဘဲ၊
ခေါင်းဆောင်ပိုင်းမှာလဲနှလုံးရည်၊လက်ရုံးရည်၊ဝါဒရေးရာရေရာခိုင်မှာမှု
အဘက်ဘက်မှာဗကပကထိပ်တန်းအကျဆုံးဘဲ။
လွတ်လပ်ရေးလှုပ်ရှားမှုမှာလဲသူတို့ကဦးဆောင်တယ်ဆိုဘဲ။
ဒါပေမဲ့သေသေချာချာစဉ်းစားကြည့်ရင်
ဒီ့ကလောက်ကြီးကျယ်တဲ့ပြည်သှူု့ရှေ့ဆောင်ပါတီကြီးဟာ
လူတဦးတယောက်ရဲ့
သူငယ်နှပ်စားစေစား
ကြမ္မာဖန်တီးမှုကိုခံယူ
ခဲ့ရသူတွေပါလို့ဝန်ခံသည်အထိ
မိမိသမိုင်းကိုမိမိ
နှိမ့်ချဝန်ခံခြင်းလုပ်သည်ကို
စဉ်းစားမရနိုင်အောင်အံ့သြောမိတော့တယ်။
ဒီလိုသမိုင်းထွန်းပြောင်တဲ့ပါတီကြီးနဲ့၊သမိုင်းထွန်းပြောင်တဲ့ခေါင်းဆောင်
ကြီးတွေနဲ့သိန်းကျော်တဲ့သူတို့ရဲ့နောက်လိုက်အပေါင်းပါတွေအားလုံးကို
မျက်တွင်းဟောက်ဟောက်၊ပိန်ညှော်ညှော်အညာသားလေး
ဦးကျော်ငြိမ်းတယောက်ထဲကဇော်ဂနီဇော်ဂနက်လိုဥာဏ်နီဥာဏ်နက်
တွေသုံးပြီးတောထဲမောင်းထုတ်နိုင်လိုက်တယ်ဆိုတော့…..
ဗကပဟာ
ဦးကျော်ငြိမ်းကိုစူပါမင်း၊ဘက်မင်းတို့နဲ့တန်းတူ
စူပါဟီးရိုးလို့သတ်မှတ်လိုက်တာဘဲဖြစ်တယ်။
ဦးကျော်ငြိမ်းကြောင့်
ဗမာပြည်ကွန်မြူနစ်ဖြစ်မသွားတာ။
ဦးကော်ျငြိမ်းကြောင့်
မြောက်ကိုရီးယားလို
အဖေသေရင်သားဥက္ကဌ
လုပ်တဲ့ကွန်မြူနစ်နိုင်ငံမဖြစ်တာ၊
ဦးကျော်ငြိမ်းကြောင့်
ဗားကရာချောက်သာမက
မြန်မာပြည်အနှံ့မှာ
စပါးတောင်လိုမပုံနိုင်ဘဲ
ပြည်သူ့အရိုးတွေသာ
တောင်လိုပုံခဲ့ရတဲ့
ခမာနီကွန်မြူနစ်နိုင်ငံအဖြစ်မျိုးမ
ရောက်ခဲ့တာလို့ဝန်ခံကြောင်း
မှတ်ယူရမှာဖြစ်တယ်။
ဗကပဟာမိမိတို့ပါတီကြီးတခုလုံးရဲ့
trajectoryနိုင်ငံရေးအနာဂါတ်
လမ်းကြောင်းတခုလုံးဦးကျော်ငြိမ်း
ရဲ့စေစားလွှမ်းမိုးမှုအောက်
အကျခံအရောက်ခံခဲ့ကြောင်းဝန်ခံတာဘဲ။
တကယ်တော့…..
ကွန်မြူနစ်တွေဟာ
ရွှေရည်စိမ်လွတ်လပ်ရေး
သပိတ်စုံသူပုန်ထ
ကျေးရွာကိုစည်းရုံးမြို့ကိုဝိုင်း၊
ပစ္စည်းမဲ့တော်လှန်ရေး၊
လက်နက်ကိုင်တော်လှန်ရေး
ပြည်သူဒီမိုကရေစီတော်လှန်ရေး
အစရှိတဲ့
စစ်မက်ပြုရေးကိုသာအသားပေးတဲ့
ဆောင်ပုဒ်အစုံနဲ့….
ဆန္ဒပြအုံကြွမှုတွေ
ဗုံးခွဲ၊ဘဏ်တိုက်ဖေါက်
ဒမြတိုက်(အဲလေ၊ယောင်လို့)
တော်လှန်ရေးရံပုံငွေရှာ
ရထားလမ်းမိုင်းထောင်
စတဲ့လုပ်ရပ်တွေနဲ့
နိုင်ငံအခြေအနေကို
(create chaos)ဖရိုဖရဲဖြစ်အောင်လုပ်
ပြီးလက်နက်နဲ့အာဏာသိမ်းမဲ့
လမ်းစဉ်ကိုတသမတ်တည်းကျင့်
သုံးခဲ့တယ်။
သည်လုပ်ရပ်တွေကြောင့်
ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟာ
စက်မှုလက်မှုဖွံ့ဖြိုးတဲ့
developed stateမဟုတ်ဘဲ
မူးယစ်၊ဘိန်းရာဘ
ထုတ်လုပ်ဖြန့်ချီမှုထွန်းကားတဲ့
ယနေ့မျက်မြင်
ဖေးလ်စတိတ်(failed state)ရောက်လုလု
အနေအထားကိုရောက်ရှိနေခဲ့ရတယ်။
တဖက်ကနေစဉ်းစားရင်လဲ
ကနေ့ကွန်မြူနစ်စာရေးဆရာတွေနဲ့
အနွယ်ဝင်တွေဟာသူတို့စွဲလန်းတဲ့
ဝါဒနဲ့ပါတီသမိုင်းကို
မိုးကြိုးပစ်ထန်းလက်ကာရေးရင်းချွတ်ရင်း
ဦးကျော်ငြိမ်းကိုစူပါဟီးရိုး
လုပ်မိခြင်းသာဖြစ်တယ်။
ဒီလိုအရေးအသားတွေဟာ
တကယ်တော့
ခေါက်ရိုးကျိုးနေတဲ့အတွေးအမြင်တွေက
မွေးထုတ်ပေးလိုက်တဲ့
ဇာတ်လမ်းနဲရတစ်တွေပါ။
လက်တွေ့မှာတော့
နိုင်ငံရေးဖိုးတွမ်တီတွေ
အဖြစ်နဲ့ဘဝကိုထိန်းကျောင်း
နေကြရတာပါ။
ဆိုလိုတာကဒီလိုပါ။
အရပ်သားအစိုးရဖြစ်တဲ့
ဖဆပလဟာ
အနောက်ဥရောပရဲ့လူမှုဖူလုံရေးစံနစ်ကို
ကြိုးစားတည်ထောင်မှုဖြစ်တဲ့
ပြည်တော်သာစီမံကိန်းကိုပြည်တွင်းစစ်
ဖြစ်နေတဲ့ကြားကကျိုးစားတည်ထောင်ခဲ့ပါတယ်။
အဲသည်အချိန်က
တောင်ကိုးရီးယားနဲ့မြန်မာဟာတန်းတူလောက်ရှိတယ်။
ကွန်မြူနစ်စာရေးဆရာတွေနဲ့အနွယ်ဝင်တွေဟာ
အရပ်သားအစိုးရရဲ့ကြိုးပမ်းမှုကို
အမျိုးမျိုးလှောင်ပြောင်၊ဝေဘန်နှောက်ယှက်ခဲ့တယ်။
ပြည်တော်သာကိုဖျက်ဆီးတဲ့ရထားလမ်းမိုင်းထောင်
လျှပ်စစ်တိုင်တွေကိုဖျက်ဆီးစတဲ့လုပ်ရပ်တွေနဲ့
အစွမ်းကုန်ရမ်းခဲ့ကြတာကိုလက်ခုတ်တီး
ခြီးမြောက်ခဲ့ကြတယ်။
ပြည်သူကြားကောင်းအောင်
ပစ္စည်းမဲ့တော်လှန်ရေးအသံပေးပြီးအချင်းချင်းကြတော့
လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို
(AS) Armed Struggleဆိုပြီးဘိုဆန်ဆန်စကားဝှက်နဲ့
ပြောကြဆိုကြရင်းရှေ့တန်းကိုတင်ကြတယ်။
လက်နက်ကိုသာအားကိုးကြတယ်။
နောက်ဆုံးတော့နိုင်ငံမှာ
လက်နက်အားကိုးသူတွေသာကျန်တော့တယ်။
တပါတီအာဏာရှင်စံနစ်ကိုအကြွင်းမဲ့ယုံသူတွေသာ
ကျန်တော့တယ်။
ဗကပနဲ့ဗိုလ်နေဝင်းသာကျန်တော့တယ်။
အပေးအယူလဲမျှကြတယ်။
၆၃ခုငြိမ်းချမ်းရေးတွေ့ဆုံပွဲမှာ
ဗိုလ်နေဝင်းကပေါ်လစ်ဗျူရိုတွေကို..
၄၈တုန်းကကိုကျော်ငြိမ်းက
ဗားဂရာကကွန်မြူနစ်ဌာနချုပ်အပေါ်ထပ်မှာ
လက်နက်ကိုင်တပ်ရင်းတရင်းရှိတယ်ပြောတော့
ကျနော်က..ဟာကိုကျော်ငြိမ်းအဲသည်ဟာအပေါင်ဆိုင်ဗျ
အပေါင်ဆိုင်အပေါ်ထပ်မှာဘယ်နဲ့တပ်ရင်းတရင်းရှိနိုင်မလဲလို့ပြောလိုက်ရတယ်ဆိုပြီး….သည်းခြေကြိုက်ဇာတ်လမ်းခင်းပေးလိုက်တော့
သွား၃၂ချောင်းပေါ်အောင်သဘောတွေခွေ့ကုန်ကြတယ်။
ပြီးတော့မှ
လုံတိတ်ခေါ်၊ကြုံတိတ်ခေါ်၊၎င်းမောင်မြကိုဆွေးနွေးပွဲအပြန်
လက်ဆောင်ပါးလိုက်တယ်။
ဗိုလ်နေဝင်းကိုလဲဂျပန်ခေတ်ကတည်းသခင်စိုးနဲ့နောက်ပိုင်းသူ့ကိုဝန်းရံတဲ့ကွန်မြူနစ်တွေရဲ့ပေးတဲ့ပညာအမွေတွေကြောင့်အနုပဋိလောမရဲ့
စကားဝှက်ဖြစ်တဲ့
အူမတောင့်မှသီလစောင့်နိုင်မည်ဘာညာကွိကွ
အညမညတွေနဲ့တန်ဆာဆင်တဲ့
မဆလလမ်းစဉ်ကြီးကိုဖေါ်ထုတ်သုံးစွဲရင်း
ရှစ်လေးလုံးကြီးပေါ်ပေါက်လာခဲ့ပါတော့တယ်။
ဒီနေရာမှာ
ကွန်မြူနစ်စာရေးဆရာအပေါင်းနဲ့အနွယ်ဝင်တွေရဲ့
ဇာတ်လမ်းကိုပြန်ဆက်ဘို့လိုလာပြန်ပါတယ်။
ဟောရှစ်လေးလုံးဖြစ်တော့
ဒေါ်စုကိုဝိုင်းရံလိုက်ကြတယ်။
တိုက်ပွဲနည်းနည်ကြာလာတော့
ဖရီးအောင်ဆန်းစုကြည်(Free Aung San Suu Kyi)
ဆိုတဲ့ယာဉ်ရထားကြီးကိုစီးပြီး
လက်ျာဆိုရှယ်လစ်ဆိုပြီးတွင်တွင်ရှုံ့ချခဲ့တဲ့
အနောက်ဥရောပဆိုရှယ်ဒီမိုကရက်နိုင်ငံတွေနဲ့
အရင်းရှင်တွေစီအိုင်အေတွေရဲ့ဗဟိုဖြစ်တဲ့
နယူးရောက်တို့၊လန်ဒန်တို့မှာ
မှင်သေသေနဲ့လစ်ဘရယ်ဒီမိုလိုလိုပြည်သူ့ဒီမိုလိုလို
ရူးသလိုပေါသလိုဒီမိုဘက်သားလုပ်ရင်း
အဆန်လှိုင်တဲ့အဆိုင်လန်ခိုလှုံခွင့်ကိုခံစားနေကြပြန်လေရဲ့။
စာရေးသူသဘောအကျဆုံးကတော့
ကွန်မြူနစ်ပါတီရဲ့
အရေးတော်ပုံဂျာနယ်ကို
ကာလီဖိုးနီးယား(Beverly Hills)က
(Hla Win)ဆိုတဲ့အကောင့်က
နေပြီးအက်မင်လုပ်နေတယ်တဲ့။
ဒီတော့
လီနင်နဲ့ဘောရှီဗစ်တွေဆိုဗီယက်နိုင်ငံထူထောင်အပြီး
အဲသည်ခေတ်ကဆိုဗီယက်ဇာဂနာရဲ့ပျက်လုံးကိုသတိရမိတယ်။
ရုရှားသူအဖွားအိုတဦးဟာ
မော်စကိုမြို့ကတိရိစ္ဆာန်ဥယျာဉ်ထဲက
ခုံတန်းတခုမှာထိုင်နေရင်း
ကုလားအုပ်တကောင်ကိုအမှုထမ်းတဦးက
ကြိုးနဲ့ဆွဲပြီးလမ်းလျှောက်လာသတဲ့၊
အဲသည်အခါကုလားအုပ်မမြင်ဘူးတဲ့အဖွားအိုက
အလိုလေး
ကြည့်ကြပါအုံး
ဒီကွန်မြူနစ်တွေဟာတတ်လဲတတ်နိုင်ကြတယ်၊
ဟောဒီမှာ
မြင်းကိုတောင်ဘာတွေဘယ်လိုလုပ်လိုက်တယ်မသိဘူး
ရုပ်ပျက်ဆင်းပျက်
ဘုကြီးတွေတောင်ထွက်
လို့နေပါပကောတဲ့။
အိမ်း
အသွင်ပြောင်းပညာမှာ
တဖက်ကမ်းခတ်ထူးချွန်သူတွေ
လို့သာမှတ်ချက်ပြုရန်မှတပါး…….
😁😁😁
ထွန်းကျော်ငြိမ်း
ဖေဖေါ်ရီလ(၄)ရက်
အညွှန်း
Santhar Tharkyaw ဦးကျော်ငြိမ်းကိုလေးစားအပ်သော တိုင်းပြည်အပေါ်တာဝန်ကြေသော နိုင်ငံရေးသမားလို့ မှတ်သားဖူးပါတယ် ။ဒါပေမယ့် ကွန်မြူနစ်စာရေးဆရာတွေ ပုံဖျက်ရေးသားမူကြောင့် သမိုင်းစာမျက်နှာမှာ နေရာမရဖြစ်နေတယ်ထင်ပါတယ် နှောင်းလူတွေလေ့လာလို့ရအောင်
ဦးကျော်ငြိမ်းအကြောင်းကို အကိုးအကားများဖြင့် စာတမ်းတစောင်ရေးသားထုတ်ဝေသင့်ပါတယ်။
Santhar Tharkyaw Tun Kyaw Nyein ဟုတ်ကဲ့ အားပေးပါတယ် ။ ဦးကျော်ငြိမ်းက မြန်မာပြည်မှာ လုပ်တဲ့ ဆိုရှယလစ်ညီလာခံတခုမှာ ကွန်မြူနစ်စနစ်အကြောင်းပြောတာ ဖတ်ဖူးလို့ အမြင်ရှေ့ရောက်ရုံမက
ပြောရဲတာကိုပါ လေးစားပါတယ် ။
အဲ့ ခေတ်ခေါင်းဆောင်တွေ တက်ညီလက်ညီ (နယ်ပယ်အသီးသီး) တာကိုအားကျမိပါတယ်။