In the Democracy Era Student Unions Waged a Permanent Revolution

thuriyaArticle11June2016

 

အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေးရေစီးကြောင်းနဲ့ကျရောက်လတ္တံ့သော
ဒုတိယကမ္ဘာစစ်ကြီးရဲ့အရိပ်အောက်မှာကြီးထွားခဲ့တဲ့(ဗကသ)၊
(တကသ)အစရှိတဲ့ဗမာပြည်ကျောင်းသားသမဂ္ဂတွေရဲ့သမိုင်းဖြစ်စဉ်
တွေဟာပြောင်မြောက်ဂုဏ်ယူဖွယ်ဖြစ်ပါတယ်။သို့ပေမဲ့ကမ္ဘာပေါ်ရှိ
မည်သည့်ကျောင်းသားသမဂ္ဂမဆိုသမရိုးကျရေရှည်လုပ်ငန်းစဉ်အဖြစ
်အတုယူလက်ခံကျင့်သုံးသင့်တဲ့နမူနာမော်ဒယ်မဟုတ်ပါဘူး။ကံဆိုး
လေတဲ့မြန်မာပြည်အဖို့တော့ကျောင်းသားသမဂ္ဂသမိုင်းဟာဒုတိယကမ္ဘာ
စစ်ကြီးအပြီးမှာကမ္ဘာ့ဝါဒရေးရာစစ်ပွဲကြီးရဲ့လောင်းရိပ်အောက်သို့
ဆက်လက်ရောက်ခဲ့ရပါတယ်။လွတ်လပ်ရေးမရမီကာလမှာပင်ဝါဒရေးရာ
စစ်ပွဲကပွဲကြမ်းလို့နေပြီဖြစ်ပါတယ်။
၁၉၄၇ခုနှစ်တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲမတိုင်ခင်ဧပြီလ၅ရက်နေ့
မှာဗိုလ်ချုပ်အောင်ဆန်းကလမ်းနှစ်ခွမိန့်ခွန်းကိုခုလိုအသံလွှင့်ပြောကြားပြီး
ပြည်သူကိုအသိပေးခဲ့ပါတယ်……….

(အလုပ်သမားနဲ့ကိုင်ပေါက်လို့မရတော့ ဖ၊ ဆ၊ ပ၊ လ ကို ကျောင်းသားတွေနဲ့
ကိုင်ပေါက်ဖို့ ဒီ သိန်း-သန်း ကွန်မြူ နစ်တွေဘဲထပ်ပြီး ကြံကြပြန်တယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသမားများသမဂ္ဂရဲ့ အလုပ်အမှုဆောင် အဖွဲ့ထဲမှာ
သိန်း-သန်း ကွန်မြူနစ်ရဲ့သြဇာ တွေပါတယ်။ သိန်း-သန်း ကွန်မြူနစ်တွေဟာ
အဲဒီသြဇာခံတွေက တဆင့် ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂကို
ကြိုးကိုင်ကြတယ်။ သူတို့ရဲ့ပယောဂနှင့်ဘဲ ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ တနိုင်ငံ
လုံးကျောင်းသားတွေသပိတ်မှောက်အောင် ဆုံးဖြတ်ချက်ချကြတယ်။
အဲဒီအချိန်မှာလဲ ကျွန်တော်တို့တ တွေဟာ ဘိလပ် ဆွေးနွေးပွဲနှင့်ပက်သက်
ပြီး အတော်ဘဲ အလုပ်ရှုပ်နေတုန်း ဖြစ်တယ်…
သိန်း-သန်း ကွန်မြူနစ်တွေရဲ့ အကြံအစည်ကတော့ ဖ၊ ဆ၊ ပ၊ လ အစိုးရအဖွဲ့
ဖြစ်တုန်း၊ ဗိုလ်အောင်ကျော်တွေ များ များ ပေါ်အောင်လုပ်ပေးဖို့ဘဲ။
ဒီလိုပေါ်တော့မှ ဖ၊ ဆ၊ ပ၊ လ ကို လက်ညှိုးထိုးပြပြီး လူထုနဲ့ရန်တိုက်ပေးမှာဘဲ။)

တကယ်တော့စစ်ကြီးအတွင်းမွမွကြေခဲ့တဲ့တိုင်းပြည်ကိုပြန်လည်ထူထောင်ရမဲ့
အချိန်မှာပညာရေးကဏ္ဍကိုလည်းအားပေး၊တိုးချဲ့ပျိုးထောင်ရမဲ့အချိန်ပါ။
ဒါပေမဲ့ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့စဉ်ကအတိုင်း(ဗကသ၊တကသ)တွေကို
ဗကပနဲ့အလံနီသြဇာခံတွေကလွှမ်းမိုးခဲ့ပါတယ်။ကွန်မြူနစ်သြဇာခံတွေဟာ
ကမ္ဘာစစ်ရဲ့အရိပ်အငွေ့အောက်မှာ(exceptional)ခြွင်းချက်အဖြစ်နဲ့ထူးကဲ
တဲ့ခြေအနေတွေကြောင့်ဖြစ်ပေါ်ခဲ့တဲ့(သပိတ်မှောက်ကျောင်းသားမှသည်
ရဲဘော်သုံးကျိပ်ဆီသို့)ဆိုတဲ့သမိုင်းဖြစ်စဉ်တွေကို(ဗကသ)(တကသ)
သမဂ္ဂတွေအတွက်စံပြပုံစံအဖြစ်သတ်မှတ်ပြဌာန်းကြပါတယ်။
လွတ်လပ်ရေးအကြိုဗိုလ်ချုပ်အောင်ဆန်းလက်ထက်မှာအကြောင်းရှာ
ပြီးသပိတ်မှောက်ကြပါတယ်။လွတ်လပ်ရေးခေတ်မှာတော့အလံနီ၊ဗကပ
ကွန်မြူနစ်တွေဟာပြည်တွင်းစစ်ကိုဖန်တီးကြပါတယ်။သူတို့ရဲ့သြဇာခံ
သမဂ္ဂခေါင်းဆောင်တွေကနေတဆင့်တက္ကသိုလ်ကျောင်းတော်ကို
သူပုန်မွေးထုတ်ရာဌာနကြီးအဖြစ်ပြောင်းလဲဖို့လုပ်လာကြပါတော့တယ်။
တက္ကသိုလ်ကျောင်းသားသမဂ္ဂဆိုတာအမည်အားဖြင့်သာတွင်ကျန်ရစ်
ပေမဲ့လက်တွေ့မှာတော့ဒီမိုကေ၇စီစံနစ်မပျက်သုဉ်းမချင်းထာဝရ
တော်လှန်ရေးကိုဆင်နွှဲတော့မဲ့ဗကပ၊အလံနီ၊ဆို၇ှယ်နီ၊ဂိုဏ်းပေါင်းစုံ
ကွန်မြူနစ်များရဲ့တော်လှန်ရေးသမ၀ါယမအဖွဲ့အစည်း(a revolution
cooperative carrying out a permanent revolution until the
parliamentary democracy system and the democratically
elected government are deposed )အဖြစ်လှုပ်ရှားနေခဲ့ပါတယ်။

ဗကသလုပ်ငန်းစဉ်ရဲ့စံပြမော်ဒယ်ဟာ…

၁။ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီအရေးဆိုတဲ့ခေါင်းစဉ်အောက်တွင်
ပါတီစုံ/ပါလီမန်ုံဒီမိုကရေစီစံနစ်နှင့်တကွ၎င်းစံနစ်အရရွေးကောက်
တင်မြောက်ထားသောအစိုးရအားနည်းမျိုးစုံနဲ့ပုန်ကန်ဖြိုဖျက်ဖြုတ်
ချရေး

၂။တက္ကသိုလ်ပရ၀ဏ်ကိုလက်နက်သူပုန်စုဆောင်းရေးဌာနအဖြစ်အသုံးပြုရေး

၃။ကျောင်းသားတွေကိုတောတွင်းသူပုန်ဖြစ်ရေးအတွက်စည်းရုံးရေး

၎။အကြောင်းရှာပြီးဆူပူဆန္ဒပြသပိတ်မှောက်ရေး

၅။တောခို၊လက်နက်ကိုင်တော်လှန်ရေးဖြစ်ပါတယ်။
စဉ်စစ်ရကသ၊တကသ၊ဗကသတို့ဟာကျောင်းသား
အရေးကျောင်းသားအကျိုးအတွက်မဟုတ်တော့ဘဲ၊မြေ
အောက်အဖွဲ့အစည်းတပိုင်းမြေပေါ်အတိုက်အခံနိုငံ
ရေးပါတီတပိုင်းအသွင်ကိုဆောင်လာပါတော့တယ်။

စဉ်းစားကြည့်ပါ…….
၁၉၄၈ခုနှစ်ဗကပတောခိုတဲ့ကာလမှာဗမာပြည်လုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂ(ဗကသ)တက္ကသိုလ်ကျောင်းသားသမဂ္ဂ
(၊တကသ)၊ရန်ကုန်ကျောင်းသားသမဂ္ဂ(ရကသ)အစရှိတဲ့
သမဂ္ဂအဆင့်ဆင့်မှကွန်မြူနစ်သြဇာလွှမ်းမိုးမှုအောက်မှာရှိတဲ့
အမှုဆောင်အတော်များများတောခိုကြပါတယ်။အမှန်တကယ်
အားဖြင့်တောခိုအဖွဲ့အစည်းအသွင်ကိုပင်ဆောင်ခဲ့ပါတယ်။
ကိုအောင်ထွန်းရေးသားတဲ့မြန်မာနိုင်ငံကျောင်းသားသားလှုပ်ရှား
မှုသမိုင်းစာအုပ်စာမျက်နှာ(၃၆၉)မှာယခုလိုဆိုထားပါတယ်၊

၁၉၄၉ခုနှစ်၊ဖေဖေါ်ဝါရီလတွင်ပေါ်ပေါက်သောကျောင်းသားနှင့်
အမှုထမ်းပေါင်းစုံသပိတ်ကိုလည်းအစိုးရကထိရောက်စွာအရေး
ယူသည့်အတွက်ဗကသဌာနချုပ်မှအမှုဆောင်အချို့
အဖမ်းခံရပြီး၊အချို့တောခိုသွားသည်။ယင်းကြေညာချက်တွင်

(၁) ဖဆပလအစိုးရသည်နယ်ချဲ့အရင်းရှင်နှင့်မပြန်လမ်းပူးပေါင်း
သွားပြီဖြစ်ကြောင်း၊
(၂) ဖဆပလအစိုးရသည်ပြည်သူတိုက၏ဒီမိုကရေစီအခွင့်အရေးများကိုပိတ်ပင်တားဆီးနေ
ကြောင်း၊
(၃)ဒီမိုကရေစီအခွင့်အရေးများပြန်လည်ရရှိရန်တောခိုရကြောင်းပါရှိသည်။

တောခိုဗကသအမှုဆောင်များသည်ကိုတင်ရွှေ(ယခုပီသုံးလုံးအောင်သာ)အား
ဥက္ကဌတင်မြှောက်၍တောတွင်းဗကသကိုတည်ထောင်သည်။
ရဲဘော်ဘခက်ရဲ့ကိုယ်ရေးအထုပ္ပတ္တိအရရဲဘော်ဘခက်ကိုတောခိုဖို့
သမဂ္ဂခေါင်းဆောင်ကိုဘကောင်းကစည်းရုံးစီစဉ်ပေးပြီးတောမခိုခင်ည
မှာရန်ကုန်တက္ကသိုလ်ကျောင်းဆောင်တခုမှာရှိတဲ့နောင်မဆလပညာရေး
ဝန်ကြီးဖြစ်မဲ့ဒေါက်တာညီညီရဲ့အခန်းမှာအိပ်စေတယ်လို့ဆိုပါတယ်။

၁၉၅၃ခုနှစ်အောက်တိုဘာလမှာမဟာအောက်တိုဘာတော်လှန်ရေးကြီး
ဆိုပြီးတော့ကျောင်းပရ၀ဏ်အတွင်းမှာဆန္ဒပြသပိတ်ခြင်း၊ကားများကို
မီးရှို့ခြင်းအစ၇ှိတဲ့ဆူပူမှုကြီးဖြစ်ပွားပါတယ်။အစိုးရဖက်မှရဲတွေကမျက်ရည်
ယိုဗုံး၊မီးသတ်ပိုက်တို့အသုံးပြုပြီးဝင်ရောက်လူစုခွဲရသည်အထိဖြစ်ပွား
ပါတယ်။ကြောင်းကစာသင်ချိန်နည်းကြောင်းပါမောက္ခတွေရဲ့တိုက်တွန်း
ချက်အရပိတ်နေကျအောက်တိုဘာလကျောင်းပိတ်ရက်ကို(၁)တိတိမှ(၁၅)ရက်
သို့လျော့လိုက်သည်ကြောင့်ဖြစ်ပါတယ်။
အထက်မှာဖေါ်ပြခဲ့တဲ့စာရေးသူရဲ့အမေရိကန်တက္ကသိုလ်ကအ
တွေ့အကြုံနဲ့ဆင်ဆင်တူပါတယ်။အမေရိကန်ကျောင်းသားတွေက
ကျောင်းဖွင့်ရက်ကိုတပတ်(၅)ရက်မ(၄)
ရက်သို့လျော့စေခြင်ကြောင်း။အုပ်ချုပ်ရေးကအကျိုးအကြောင်း၇ှင်းပြ
တော့လက်ခံသွားပါတယ်။၁၉၅၃ခုရန်ကုန်တက္ကသိုလ်ရဲ့မဟာအောက်တိုဘာ
တော်လှန်ရေးဟာလည်းဆင်တူလိုလားချက်ပါ။သို့ပေမဲ့ကျောင်းသားတွေ
နောက်ကွယ်ကအလံနီ၊အလံဖြူကွန်ုမြူနစ်သူပုန်တွေရဲ့ဆူပူပုန်ကန်ရေး
မူဝါဒကြောင့်အဓိကရုဏ်းကြီးအဆင့်သို့မြင့်တက်သွားပါတယ်။ပါမောက္ခ
များ၏တောင်းဆိုချက်အရသင်ရိုးညွှန်းတန်းနှင့်ကိုက်ညီသောစာသင်ချိန
်ရ၇ှိရေးအတွက်အောက်တိုဘာကျောင်းပိတ်ရက်ကိုရက်ပေါင်း(၃၀)မှ(၁၅)
သို့ပြောင်းလဲခြင်းသည်တက္ကသိုလ်ပညာရေးသင်ကြားရေး(Academic Matter)ကိစ္စသာဖြစ်ပါတယ်။သို့ပေမဲ့ဗကပ၊အလံနီ၊ဆိုရှယ်နီအစ၇ှိတဲ့
မြေပေါ်မြေအောက်ကွန်မြူနစ်တို့ရဲ့သြဇာခံကျောင်းသားလှုံ့ဆောင်သူ
တွေဟာရုရှားရဲ့မဟာအောက်တိုဘာတော်လှန်ရေးအမည်ကိုချေးငှားသုံးစွဲ
ပြီးဇန်းတင်ခဲ့ကြပါတယ်။
၁၉၆၁ခုအမေရိကန်သံရုံးရှေ့တွင်လုပ်ဆောင်ခဲ့တဲ့ဆူပူဆန္ဒပြပွဲသည်လည်း
အလားတူပါဘဲ။ဆိုဗီယက်ရုရှပေါ်လျှို့ဝှက်ပျံသန်းတဲ့အမေရိကန်ထောက်လှမ်း
ရေးလေယာဉ်ကိုရုရှကဒုံးနဲ့ပစ်ချနိုင်ခဲ့ပါတယ်။သည်အခါမှာမဆီမဆိုင်
လက်ပံပင်ဓါးနဲ့ချိုင်ပြီးဗကသ၊တကသဦးဆောင်ပြီးရန်ကုန်မြို့လည်မှာဆန္ဒပြပွဲ
မှသည်အထိကရုဏ်းသို့ပြောင်းလဲသည်အထိဖြစ်သွားပါတယ်။

၁၉၄၈ခုဗကပတောခိုတဲ့အချိန်မှာတကသ။ဗကသခေါင်းဆောင်ကျောင်းသား
တွေအကုန်နီးနီးတောခိုပါတယ်။
ကိုအောင်ထွန်းရေးတဲ့မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း၇ဲ့ဖေါ်ပြချက်အရ
တောခိုခြင်းဖြင့်နိုင်ငံရေးအဆင့်မြင့်မားသွားတယ်လို့ယူဆရပေမဲ့လက်တွေ့မှာ
ကျောင်သားထုနဲ့အဆက်ပြတ်သွားဝေးကွာသွားကြောင်းကြောင်းဖေါ်ပြထားပါတယ်။

၁၉၅၂-၅၃မှာဆို၇ှယ်လစ်ပါတီကကွန်မြူနစ်သြဇာခံတိုးတက်ကျောင်းသား၊
တပ်ဦးကျောင်းသားအဖွဲ့တွေနဲ့အပြိုင် (DSO,Democratic Student
Organization)ကိုထူထောင်ပါတယ်။

တက္ကသိုလ်ကျောင်းသားထုကိုသူပုန်ဖြစ်ရေးလမ်းကြောင်းပေါ်ကလွှဲပြောင်းပြီး
နိုင်ငံခေါင်းဆောင်တွေအဖြစ်ပျိုးထောင်ပေးရေးလမ်းကြောင်းပေါ်တင်ပေးဖို့ပါ။
အခြေအနေအရလက်တက္ကသိုလ်ဝင်းအတွင်းပြင်းထန်လှတဲ့လက်တွေနိုင်ငံရေး
တိုက်ပွဲအတွေ့အကြုံကိုမလွဲမရှောင်သာရယူပြီးတဲ့နောက်ကောင်းမွန်တဲ့ဒီမိုက
ရေစီအနာဂတ်အတွကထူထောင်နေတဲ့လူမှုရေး၊စီးပွားရေးနိုင်ငံရေးဖက်စုံကဏ္ဍ
တွေမှာဦးဆောင်နိုင်တဲ့ခေါင်းဆောင်တွေမွေးထုတ်ဖို့ရည်ရွယ်ပြီးဖွဲ့တာပါ။
ဒါပေမဲ့ကျောင်းသားသမဂ္ဂသမိုင်းအကြောင်းဆောင်းပါးစာအုပ်တွေဖတ်ရသည့်
အခါတိုင်းအာဏာရဖဆပလကတက္ကသိုလ်ကျောင်းသားတွေတညီတညွတ်ဖြစ်နေ
သည်ကိုဖြိုခွဲဖို့DSOကိုဖွဲ့သည်လို့စွပ်စွဲပါတယ်။အစိုးရဌာနတွေဖြစ်တဲ့IDCတို့
ARDCတို့မှာအလုပ်တန်းရသည်ဟုဆိုကြပါတယ်။
တကယ်တော့DSOရဲ့စံပြမော်ဒယ်ဟာလက်နက်ကိုင်သူပုန်မွေးတဲ့ပုံစံမဟုတ်
သည်ကိုသူတို့မေ့နေကြပါတယ်။ကွန်မြူနစ်ကျောင်းသားများကြီးစိုးသည့်
ကျောင်းသားတပ်ဦးသည်မိမိတို့သြဇာသက်ရောက်မှုရှိသည့်ကျောင်းသား
များအားတက္ကသိုလ်ကျောင်းတက်၊ဆန္ဒပြ၊ပစ္စည်းမဲ့တော်လှန်ရေးဆင်နွှဲရန်
တောခို၊သူပုန်ထ၊လမ်းကြောင်းပေါ်သို့တင်ပို့ခဲ့ပါတယ်။
အခြေခံအားဖြင့်၊တက္ကသိုလ်ကျောင်းသားမှသည်တောခို၊လက်နက်ကိုင်တော်
လှန်ရေးခေါင်ဆောင်ဗိုလ်ကြီး၊ဗိုလ်မှုးကြီး၊ဗိုလ်ချုပ်ကြီးဖြစ်၊နိုင်ငံခေါင်းဆောင်ဖြစ်၊
မြင်းဖြူကြီးစီးပြီုးုပြည်တော်ပြန်ခါအောင်ပွဲခံ၊ဆိုတဲ့အိမ်မက်ပါဘဲ။သည်အိမ်မက်
ကိုကျောင်းသားလူငယ်များအကြားကျယ်ကျယ်ပျံ့ပျံ့ဖြန့်ဝေခဲ့ကြတာပါဘဲ။
မည်သို့ဆိုစေ၊ဗကပ၊တကသအစရှိတဲ့တက္ကသိုလ်သမဂ္ဂများ၏တရားဝင်ရပ်တည်
မှုဟာ၁၉၆၂ခုနှစ်ဇူလိုင်လတွင်နိဌိတံခဲ့သည်ဟုဆိုရပါမယ်။
တော်လှန်ရေးကောင်စီအာဏာသိမ်းပြီးနောက်(၇)ဇူလိုင်အရေးအခင်းဖြစ်ပွားပါတယ်။
ရန်ကုန်တက္ကသိုလ်ပရ၀၀ဏ်အတွင်းကျောင်းသားများအတုံးအရုံးပစ်သတ်ခံရပါတယ်။
တရားဝင်ကျောင်းသားသမဂ္ဂများသည်လည်းသည်အချိန်မှစပြီးကွယ်ပျောက်သွားကြပါ
တော့တယ်။
စိတ်ဝင်စားဖွယ်ကောင်းတာကတော့ဒီမိုကရေစီခေတ်ဖြစ်တဲ့ဖဆပလခေတ်၊ဒီမိုကရေစီ
ပညာရေးစံနစ်ကျင့်သုံးနေစဉ်အခါက၊ကျောင်းသားတွေကိုသူပုန်ထရေး၊ပစ္စည်းမဲ့တော်လှန်
ရေးလမ်းကြောင်းပေါ်လှုံ့ဆော်တွန်းပို့ခဲ့တဲ့ကွန်မြူနစ်ကျောင်းသားတွေရဲ့သမိုင်းပါဘဲ။
အဲသည်ကွန်မြူနစ်ကျောင်းသားတွေအထည်းမှအချို့ကတောခိုပါတယ်။စာရေးသူမှတ်မိ
သရွေ့၊မောင်ကိုယု၊ကိုသက်၊ကိုဗဆွေလေး၊ကိုစိုးဝင်း(လူထုဦးလှသား)အစ၇ှိသူတို့ဖြစ်ပါ
တယ်။၁၉၆၈ခုဗကပရဲ့ဖြုတ်ထုတ်သတ်ပွဲမှာတောတွင်းအမည်ရဲဘော်ထွန်းကျော်(ခေါ်)
ကိုစိုးဝင်းဟာသူရဲ့ကျောင်းတပ်ဦးရဲဘော်များဖြစ်တဲ့ရဲဘော်စိုးမြင့်(ခေါ်)ကိုခင်ဝင်း၊ရဲဘော်
ကျော်ခင်၊ရဲဘော်ဘသန်း၊ရဲဘော်တင်ဟန်၊ရဲဘော်ဘိုးသာတို့နဲ့အတူပဲခူးရိုးမတောထည်း
မှာသတ်ဖြတ်ကွပ်မျက်ခြင်းခံခဲ့ကြရပါတယ်။ကျန်သူများကတော့တိုက်ပွဲကျ၊ထောင်ကျနဲ့
ဇာတ်သိမ်းခဲ့ကြပါတယ်။
လက်ဝဲအချောင်သမားများလို့အနီအချင်းချင်းတံဆိပ်အကပ်ခံရတဲ့ကွန်မြူနစ်ကျောင်းသား
အတော်များများကဗိုလ်ချုပ်နေ၀င်းရဲ့မြန်မာ့နည်းမြန်မာ့ဟန်နဲ့၊ခေါင်းမြီးခြုံကွန်ုမြူနစ်ေ၇စီ
ကြောင်းမှာတက်တက်ကြွကြွပါဝင်သွားကြပါတယ်။ဒေါက်တာညီညီ(ပညာရေးဝန်ကြီး)၊
ကိုစိုးသိမ်း(တက္ကသိုလ်မော်ကွန်းထိန်း)တို့အပြင်၊ကိုသန်းဦး၊ကိုအောင်သန်းလေး
(လူငယ့်ရေးရာ)ကိုဘကောင်းစသည်တို့ဟာအခြေခံပညာရေးဦးစီးဌာနမှာရာထူးကြီး
များရယူလုပ်ကိုင်ခဲ့ကြပါတော့တယ်။ကျောင်းသားအခွင့်အရေးတွင်တွင်တောင်းဆို
ပြီးဆန္ဒပြပွဲအမျိုးမျိုးကိုလှုံ့ဆော်ဖန်တီးခဲ့တဲ့ထိုထိုသောကျောင်းသားခေါင်းဆောင်တွေ
ဟာကျောင်းသားများတွေကိုပစ်ခတ်သတ်ဖြတ်တဲ့အစိုးရ၊မိမိတို့ရဲ့ပင်မ
နိုင်ငံရေးဇာတိဖြစ်တဲ့ကျောင်းသမဂ္ဂတွေကိုလုံးဝဖွဲ့စည်းခွင့်ပိတ်ပင်လိုက်
တဲ့အစိုးရရဲ့လက်အောက်မှာဝင်ရောက်ခိုလှုံပြီးပညာရေးခေါင်းဆောင်
များအဖြစ်ဝင်ရောက်ထမ်းဆောင်ခဲ့ကြပါတယ်။

တည်ဆဲဒီမိုကရေစီပညာရေးစံနစ်၊လစ်ဘရယ်ပညာရေးစံနစ်ကိုကမောက်ကမ
ပညာရေးစံနစ်ပါ၊ဘာပါ၊ညာပါတံဆိပ်ကပ်ပြီးရှုံ့ချခဲ့ကြပါတယ်။ဦးဆောင်ဦးရွက်
ပြုပြီးဖျက်သိမ်းခဲ့ကြပါတယ်။

ပညာရေးဆိုင်ရာမဆလခေါင်းဆောင်တွေအဖြစ်နဲ့ေ၇ှ့ဆောင်လူငယ်၊လမ်းစဉ်
လူငယ်စတဲ့အဖွဲ့အစည်းတွေကိုအာဏာ၇ှင်စံနစ်အားကျားကန်ပေးဖို့ရန်အတွက်
ဖွဲ့စည်းပြီးဦးဆောင်လှုပ်ရှားခဲ့ကြပါတယ်။

တိုင်းပြည်ကိုဆယ်စုပေါင်းများစွာဆုတ်ယုတ်စေခဲ့တဲ့လက်၇ှိပညာရေးစံနစ်ကို
စွန့်ဦးတည်ထွင်ပြီးလမ်းကြောင်းမြောင်းဖေါ်ပေးသွားခဲ့ကြပါတယ်။

ဒါဟာလွတ်လပ်ရေးခေတ်ကျောင်းသားသမဂ္ဂရဲ့သမိုင်းပါ။
ဒီသမိုင်းကိုဖက်စုံထောင့်စုံမှပါဝင်ဖန်တီးခဲ့သူဂိုဏ်းပေါင်းစုံကွန်မြူနစ်၊ဗကပ၊
အလံနီ၊ဆို၇ှယ်နီသြဇာခံသမဂ္ဂခေါင်းဆောင်တို့ရဲ့သမိုင်းလည်းဖြစ်ပါတယ်။

နိုင်ငံ့လူငယ်များရဲ့တည်ဆောက်အား၊စွမ်းအားနဲ့လူသားအရင်းအနှီးများ
ကိုသန်းနှင့်ချီပြီးအဟောသိကံဖြစ်စေခဲ့တဲ့သမိုင်းပါ။

တိုင်းပြည်ရဲ့အညွှန့်အဖူးဖြစ်တဲ့တက္ကသိုလ်ကျောင်းသားတွေကိုရာသက်ပန်
တော်လှန်ရေးသမားများ၊တောတွင်းလက်နက်ကိုင်၊ထောင်မင်းသား၊ဆန္ဒပြပို
စတာတွေမှာအိုင်ကွန်အဖြစ်အလွဲသုံးစားပြုနိုင်မဲ့နယ်ချဲ့ဆန့်ကျင်ရေးသူရဲ
ကောင်းဗိုလ်အောင်ကျော်မျိုးအိုင်ကွန်သစ်များအဖြစ်ဖန်တီးရန်ကြိုးပမ်းချက်များ
သာဖြစ်ပါတယ်။လက်တွေ့မှာတော့မိမိယုံကြည်ချက်ဖြင့်စွှန့်လွှတ်မှုတွေ
အဟောသိကံဖြစ်ခါမြရာတောတွင်းအချင်းချင်းကွပ်မျက်သတ်ဖြတ်ခံခဲ့ရတဲ့
ဒေါ်အမာသားကိုစိုးဝင်းတို့ကိုဖိုးသာတို့လိုဆန္ဒပြပိုစတာအိုင်ကွန်အ
ဖြစ်စံမမှီတဲ့ကျောင်းသားခေါင်းဆောင်တွေသာကြေကွဲဖွယ်ရာပေါ်ထွက်ခဲ့ပါတယ်။
“ရဲဘော်သံုးကျိပ်အစကျောင်းသားသမဂ္ဂ”၊”၇ှစ်လေးလုံးအရေးတော်ပုံအစ
ကျောင်းသားက”အစရှိတဲ့ဆိုစကားတွေဟာမကြုံစဖူးထူးကဲတဲ့သမိုင်းဖြစ်စဉ်
တွေကိုမှတ်တမ်းတင်ဂုဏ်ပြုတဲ့ဆောင်ပုဒ်များအဖြစ်သာမှတ်ယူသင့်ပါ
တော့တယ်။
လွတ်လပ်ရေးခေတ်ကျောင်းသားလှုပ်ရှားမှုရဲ့ထာဝရတော်လှန်ရေး
အစဉ်အလာဟာဝေရာမဏိအကြွင်းမဲ့ေ၇ှာင်ကြဉ်ရမဲ့ပုံစံနမူနာတွေသာ
ဖြစ်ပါတော့တယ်။
သည်ကနေ့၊သည်ကာလဟာ…..
မြန်မာပြည်အဖို့၊အနှစ်ခြောက်ဆယ်ကြာခဲ့တဲ့တပါတီအာဏာရှင်၊
စစ်အာဏာရှင်စနစ်အောက်မှာခေါင်းပြူထွက်စကာလသာဖြစ်ပါတယ်။
ဒီမိုကေ၇စီပညာရေးစံနစ်ကိုအစမှနေပြီးပြန်လည်တည်ဆောက်ရန်ကြိုး
ပမ်းနေတဲ့ကာလလည်းဖြစ်ပါတယ်။ဒီမိုကရေစီပညာရေးစံနစ်သန္ဓေတည်
နေဆဲကာလပါ။ပညာရေးပြုပြင်ပြောင်းလဲမှုကိုတွန်းအားးပေးနေကြတဲ့
NNER၊ဗကသအစရှိတဲ့အဖွဲ့အစည်းတွေဟာဒီမိုကရေစီပညာရေးစံနစ်နဲ့
အတူဗဟိုဦးစီးစံနစ်မှသည်ကိုယ်ပိုင်အုပ်ချုပ်ခွင့်၇ှိတဲ့ခေတ်မှီတက္ကသိုလ်
တွေဖန်တီးဖို့တောင်းဆိုနေတဲ့အချိန်လည်းဖြစ်ပါတယ်။စာရေးသူရဲ့ပညာ
ရေးဝန်ထမ်းသက်တမ်းတလျှောက်မှာကိုယ်ပိုင်အုပ်ချုပ်တဲ့တက္ကသိုလ်
တွေမှာသာတာဝန်ထမ်းဆောင်ခဲ့တဲ့အလျောက်ကိုယ်ပိုင်အုပ်ချုပ်ရေးဖက်
အလေးသာပါတယ်။တကယ်တော့တက္ကသိုလ်တွေကကိုယ်ပိုင်အုပ်ချုပ်
ရေးစံနစ်သို့ပြောင်းလဲသင့်သလိုတက္ကသိုလ်ကျောင်းသားသမဂ္ဂတွေကို
လည်းဆိုင်ရာတက္ကသိုလ်တခုစီအတွက်သာအသိမှတ်ပြုသတ်မှတ်သင့်
ပါတယ်။
ဒါကတော့စာရေးသူရဲ့ကိုယ်ပိုင်အမြင်ပါ။
အရေးအကြီးဆုံးကပေါ်လစီဆုံးဖြတ်ချက်ချမှတ်နိုင်သူတွေအနေနဲ့အကျိုး
ရှိပြီးထိရောက်မဲ့မေးခွန်းတွေကိုဖေါ်ထုတ်မေးမြန်းဆုံးဖြတ်နိုင်ဖို့ပါဘဲ။

မြန်မာနိုင်ငံအနေနဲ့ဒီမိုကေ၇စိစံနစ်နဲ့ခေတ်မှီနိုင်ငံကိုတည်ဆောက်ဖို့ရာ
ဘယ်လိုကျောင်းသားတွေကိုပျိုးထောင်မွေးထုတ်သင့်ပါသလဲ။

မိမိတို့လိုလားတဲ့ကျောင်းသားမျိုးကိုမွေးထုတ်ဖို့ရာဘယ်ပညာရေးစံနစ်
ကအကောင်းဆုံးပါလဲ။
ဒီမိုကေ၇စီခေတ်မှာကျောင်းသားသမဂ္ဂလိုအဖွဲ့အစည်းတွေကိုဘာလို
အပ်ချက်တွေအတွက်ဖွဲ့စည်းမှာလဲ၊

ချေဂွေဗားရားတွေမွေးထုတ်ဖို့လား၊
ဦးသန့်တွေမွေးထုတ်ဖို့လားဆိုတဲ့မေးခွန်းမျိုးတွေကိုဆိုလိုတာပါ။

Advertisements
Image

ဒီမိုကရေစီ၊တက္ကသိုလ်ပညာရေးစံနစ်နဲ့ကျောင်းသားသမဂ္ဂ(၃)

image002

Image

ဒီမိုကရေစီ၊တက္ကသိုလ်ပညာရေးစံနစ်နဲ့ကျောင်းသားသမဂ္ဂ(၂)

image002.gif

Image

ဒီမိုကရေစီ၊တက္ကသိုလ်ပညာရေးစံနစ်နဲ့ကျောင်းသားသမဂ္ဂ(၁)

image002

ရွှေခွက်ကိုတဲ့ဆွဲကာကိုင်(ရ)

ရေးသားသူ။။ဒေါက်တာထွန်းကျော်ငြိမ်း

မြန်မာပြည်တော်ရေးကောင်စီဟာအာဏာသိမ်းပြီးမကြာ
ခင်ကာလအတွင်းမှာမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကိုရေးဆွဲ
ထုတ်ပြန်ကျေညာပါတယ်။မာခ့်စ်လီနင်ဝါဒကိုဦးချစ်လှိုင်ရဲ့
အညမညဆိုတဲ့ဇာပ၀ါပါးပါးနဲ့ဖုံးအုပ်ထားတဲ့ကွန်မြူနစ်ဝါဒ
ပါဘဲ။ပုဂ္ဂလိကလုပ်ငန်းတွေကိုပြည်သူပိုင်နဲ့အစားထိုးရေး။
တပါတီအာဏာရှင်ဝါဒကိုထူထောင်ပြီးမာ့ခ်စ်ဝါဒကပြဌာန်း
တဲ့ဆိုရှယ်စီးပွားရေးကိုပီပီပြင်ပြင်အကောင်အထည်ဖေါ်ရေး
ဘဲဖြစ်ပါတယ်။
မတူတာကတော့တပါတီအာဏာရှင်မြန်မာ့ဆို၇ှယ်လစ်
လမ်းစဉ်ပါတီ(မဆလ)ဟာကွန်မြူနစ်ပါတီလို့ဗျောင်အမည်
မခံတဲ့စစ်တပ်ကိုကျောရိုးပြုပြီးဖွဲ့တဲ့ကွန်မြူနစ်ကဲ့သို့သော
ပါတီဖြစ်ပါတယ်။ကွန်မြူနစ်ပါလို့ဗျောင်မကျေညာသည့်အ
တွက်ကွန်မြူနစ်တွေအဖို့သည်မဆလဆိုတဲ့သတ္တ၀ါကိုအ
မျိုးအမည်တပ်ဖို့လုံးပန်းကြရပါတော့တယ်။
ဆိုဗီယက်နဲ့အပေါင်းပါတွေကမဆလအစိုးရဟာ
(petty bourgeoisie) အရင်းရှင်ပေါက်စတွေရဲ့အစိုးရ။
ကျူးဘားနိုင်ငံက(Castro)ကာစထရိုလိုအစိုးရ၊ကွန်မြူနစ်ဖြစ်
လာမဲ့အစိုးရလို့သတ်မှတ်ပါတယ်။ဒါကြောင့်ဗကပအနေနဲ့
လက်နက်ချပြီးဗိုလ်နေ၀င်းအစိုးရနဲ့ပူးပေါင်းဖို့တိုက်တွန်းပါ
တယ်။သူတို့သတင်းစာတွေမှာမဆလကောင်းကြောင်းတွေ
ရွှန်းရွှန်းဝေအောင်ရွေးပြီးသူတို့အုပ်စုဖက်ပါအောင်ဆွယ်
ပါတယ်။
တရုတ်ကွန်မြူနစ်အစိုးရကတော့မဆလဟာအမျိုးသား
အရှင်းရှင်(national bourgeoisie )အစိုးရ၊အင်ဒိုနီးရှားက
(Sukarno)လိုအစိုးရ။မဟာမိတ်ပြုရမဲ့ အစိုးရလို့သတ်မှတ်
ပါတယ်။

၁၉၆၂ခုနှစ်မြန်မာပြည်မှာစစ်တပ်အာဏာသိမ်းပြီးဗိုလ်နေ၀င်း
ဦးဆောင်တဲ့စစ်အစိုးရပေါ်ပေါက်လာချိန်မှာတရုပ်မြန်မာ
ဆက်ဆံရေးဟာအရပ်သားအစိုးရရဲ့စွမ်းဆောင်မှုကြောင့်
အထွဋ်အထိပ်သို့ရောက်ရှိနေချိန်ပါ။တရုတ်အစိုးရအနေနဲ့
ပြဿနာပေါင်းစုံနဲကရင်ဆိုင်နေရတဲ့အချိန်လည်းဖြစ်ပါတယ်။

၁၉၆၂ခုနှစ်မှာတရုတ်ဟာအိန္ဒိယနဲ့နယ်နမိတ်အငြင်းပွားမှု
စစ်ဖြစ်ပါတယ်။ဗီယက်နမ်မှာလည်းအမေရိကန်ဟာစစ်ရေး
အရပြင်ဆင်မှုတွေတိုးလို့လုပ်လာပြီးစစ်ရေးအရ၀င်ရောက်
စွက်ဖက်တော့မဲ့အရိပ်အရောင်တွေပိုလို့တိုးတက်ပြီးမြင့်မား
လာနေပါတယ်။ကမ္ထာ့ကွန်မြူနစ်လောကမှာလည်ဲး့စတာလင်
ဆန့်ကျင်ရေးသမားခရုရှက်ဦးဆောင်တဲ့ဆိုဗီယက်နဲ့မော်စီတုံး
ဦးဆောင်တဲ့တရုတ်ကွန်မြူနစ်တို့ရဲ့သဘောတရား
ရေးပဋိပက္ခဟာလည်းအ၇ှိန်မြင့်သထက်မြင့်လျက်ရှိပါတယ်။

သည်အချိန်မှာတရုတ်အစိုးရရဲ့မှတ်တမ်းတွေအရ၊တရုပ်ပြည်
သူ့သမတနိုင်ငံဟာ…

အိန္ဒိယနဲ့ပြဿနာဖြစ်နေစဉ်ကျန်ဒေသတွင်းဖက်မလိုက်
ခေါင်းဆောင်နိုင်ငံတွေဖြစ်တဲ့အင်ဒိုနီးရှားနဲ့မြန်မာတို့ကို
အနေဝေးမသွားစေလိုပါဘူး။
အသစ်စက်စက်တက်လာတဲ့တော်လှန်ရေးကောင်စီနဲ့စစ်တပ်
အတွင်းမှာလက်ျာဂိုဏ်သားတွေရှိနေသေးတယ်လို့သတ်မှတ်ပါ
တယ်။ဗိုလ်ချုပ်နေ၀င်းသာပြုတ်ကျသွားရင်မြန်မာပြည်ဟာ
အမေရိကန်နဲ့နီးစပ်သွားမယ်လို့ယူဆပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီဟာ(ဗကပ)ဟာအလွန်အားနည်းပြီး
တော်လှန်ရေးကောင်စီအစိုးရကိုတွန်းလှန်နိုင်လိမ့်မယ်လို့မယူ
ဆပါဘူး။
ဒါကြောင့်တရုတ်အစိုးရဟာ(ဗကပ)ကိုဗိုလ်နေ၀င်းရဲ့မဆလနဲ့
ငြိမ်းချမ်းရေးယူပြီးပူးပေါင်းဖို့တိုက်တွန်းပါတယ်

ဒါဟာတရုတ်ကွန်မြူနစ်အစိုးရရဲ့သမိုင်းဝင်၊တရားဝင်မှတ်တမ်း
တွေကဖေါ်ပြတဲ့သမိုင်းပါ။
ယနေ့အထိဖဆပလကတော့ထဲတွန်းပို့လို့တောခိုခဲ့ရပါတယ်
ဆိုတဲ့ဗကပ။ဖဆပလအစိုးရက၁၉၄၈ခုမှသည်၁၉၅၃ခုနှစ်အထ၊ိ
မတရားသင်းရယ်လို့မကျေညာဘဲအလင်းဝင်ဖို့ကမ်းလှမ်းချက်ကို
ပေတေပြီးသူတို့အခေါ်(AS, armed struggle)လက်နက်ကိုင်
တော်လှန်ရေးဆင်ကိုစွဲစွဲမြဲမြဲဆုပ်ကိုင်ဆင်နွှဲခဲ့တဲ့ဗကပ။
ဖဆပလအစိုးရဟာဦးဆောင်နိုင်ငံတွေအထဲကတနိုင်ငံအဖြစ်ပါဝင်
ကျင်းပခဲ့တဲ့၁၉၅၅ခုဘန်ဒေါင်းညီလာခံတွေ၊ဘာတွေအကျော်ဒေးယျ
ဖြစ်နေချိန်မှာဆိုဗီယက်နဲ့မေိာစီတုံးအစိုးရတို့ကအကျပ်ကိုင်မှ
(၅၅)လမ်းစဉ်ရယ်လို့ကျေညာပြီးဗကပတပ်ကိုအစိုးရတပ်မတော်
ထဲပေါင်းထည့်ပေးရမယ်လို့တောင်းဆိုပြီးငြိမ်းချမ်းရေးပွဲပျက်အောင်
လုပ်ခဲ့တဲ့ဗကပ။
အနှီဗကပ၊၎င်းဗကပ။ငြိမ်းချမ်းရေးကိုပါးစပ်ကအမြဲတမ်းဟန်ပြ၊
သရုပ်ဆောင်တောင်းဆိုလေ့ရှိပေမဲ့အကြမ်းဖက်စစ်အနိုင်တိုက်ပြီး
အောင်ပွဲခံရေးဆိုတဲ့နွေလယ်အိမ်မက်ကိုသာအစဉ်မြင်မက်နေခဲ့တဲ့
ဗကပဆိုဗီယက်နဲ့တရုတ်နီအစိုးရရဲ့အမြင်နှစ်ခုစလုံးကိုလက်မခံပါဘူး။
မဆလအစိုးရဟာအရင်းရှင်ကြီးအစိုးရ၊တွန်းလှန်ဖြုတ်ချပစ်ရမဲ့အစိုးရ
လို့သဘောထားပေးပါတယ်။
Fan Hongwei ရဲ့တ၇ုတ်မြန်မာဆက်ဆံရေးစာအုပ်ရဲ့စာမျက်နှာ(၇၅)
မှာခုလိုဖေါ်ပြထားပါတယ်။

(The SCP (Soviet Communis Party)regards Ne Win
as a petty bourgeoisie who possibly

takes Castro’s route so it [wants to] persuade the
BCP into
laying down arms to cooperate with Ne Win.
In the CCP’s (Chinese Communist Party)

eyes, Ne Win belongs to national bourgeoisie and
will follow
Sukarno’s political line. The BCP takes
Ne Win as a big
bourgeoisie and an object to be
overthrown.”)

ဒါပေမှဲ့ဗကပဟာသူတို့ရဲ့ခေါင်းကိုင်ဆရာကြီးတွေကိုငြင်းဆန်နိုင်စွမ်း
မရှိပါဘူး။၁၉၆၃ခုဧပြီလမှာတရုတ်သမတလျူရှောက်ချီဟာရန်ကုန်ကို
ချစ်ကြည်ရေးခရီးစဉ်အဖြစ်ရောက်ရှိလာပြီးအပြန်ခရီးအတွက်မင်္ဂလာဒုံ
လေဆိပ်သို့အသွားလမ်းမှာဗိုလ်ချုပ်နေ၀င်းကိုဗကပနဲ့ဆွေးနွေးဖို့တိုက်
တွန်းပါတယ်။
သည်လိုနဲ့တရုတ်ရဲ့တိုက်တွန်းချက်အရတော်လှန်ရေးကောင်စီဟာ
လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုခေါ်ယူ
ကြောင်းကျေညာပါတယ်။

သည်ကေ၇ှ့ဆက်ဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေကတော့အများသိသမိုင်းဝင်
ဖြစ်ရပ်တွေပါဘဲဖြစ်ပါတယ်။
ဆရာကြီးများဖြစ်တဲ့ဆိုဗီယက်နဲ့ခေါင်းကိုင်တရုတ်ကွန့်မြူနစ်ပါတီ
ရဲ့ဖိအားကြောင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီသို့လေးလံထိုင်းမှိုင်းတဲ့
ခြေလှမ်းတွေနဲ့လျှောက်လှမ်းရောက်၇ှိခဲ့တဲ့ဗကပအဖွဲ့ဟာ(၉)ခရိုင်
ဆန္ဒပြပွဲတွေတော်လှန်ရေးကောင်စီကိုအမောက်ထောင်ပြပါတယ်။
ဆွေးနွေးပွဲကြောင့်တရုတ်ပြည်ရောက်နေတဲ့သခင်ဗသိန်းတင်ရဲ့ဗဟို
နဲ့ပဲခုးရိုးမကသခင်သန်းထွန်းရဲ့ဗကပဗဟိုတို့ပြန်လည်ဆက်သွယ်
မိကြပါတယ်။
ဗိုလ်ချုပ်နေ၀င်းရဲ့တော်လှန်ရေးကောင်စီဟာလည်းဆွဲစေ့လို့ရလိုက်
တဲ့ကရင်လက်နက်ကိုင်စောဟန်တာသာမွှေးတို့အဖွဲ့၊အလံနီရဲနီ
ကျော်ဝင်းတို့အဖွဲု့၊ဗကပကဦးမြတို့ရဲဘော်ဘခက်တို့မြရာပင်အဖွဲ့
စသည်တို့ကို၊ကလော်ကလက်ဖဲ့ထုတ်ပြီး၊စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပါ
တယ်။

သည်လိုနဲ့နှစ်ဖက်နှစ်ဝစေတနာမပါခဲ့တဲ့ငြိမ်းချမ်းရေးစေ့စပ်ပွဲကြီး
ဟာလည်းအဖတ်မတင်ပျက်သုန်းခဲ့ပါတယ်။
ဗကပဟာလည်းသူတို့လိုချင်တဲ့ဆန္ဒနဲ့ပြည့်ဝခဲ့ပါတယ်။တရုတ်ဗမာ
အရေးအခင်းင်္ကြးရဲ့ရလဒ်အနေနဲ့တရုတ်အစိုးရဟာဗကပကိုငွေ၊
လက်နက်၊လူအင်အား၊အပြည့်အ၀တတ်ဆင်ပေးလိုက်တဲ့အခါမှာ
စူဠလိပ်ရေထဲလွှတ်လိုက်သည့်နှယ်လက်နက်ကိုင်တော်လှန်ရေးကြီး
ကိုအားရပါးရဆင်နွှဲနိုင်ခဲ့ပါတော့တယ်။ဒါပေမဲ့တရုတ်အစိုးရအကဲဖြတ်
ထားခဲ့တဲ့အတိုင်းဗကပဟာစစ်ရေးအရတပ်မတော်ကိုချေမှုန်းနိုင်တဲ့
အစွမ်းမရှိပါဘူး။တကယ်တန်းဆန်းစစ်သူတွေအဖို့မြင်သာလှတဲ့အရာ
တခု၇ှိပါတယ်။ခေတ်အဆက်ဆက်မှာတကယ်တန်းဗကပရဲ့
အားသာချက်ဟာပါတီရဲ့လေတပ်သာဖြစ်ပါတယ်။စာရေးဆရာ၊သတင်း
စာဆရာ၊ကဗျာဆရာ၊ကျူရှင်ဆရာ၊စတဲ့ဆရာအမျိုးမျိုးပါဝင်တဲ့
လေတပ်ဖြစ်ပါတယ်။ဒီလေတပ်ဟာကနေ့အထိအင်အားပြိုကွဲခြင်းမရှိ
သေးပါဘူး။လေတပ်မှာကဗျာဆရာတွေပိုပြီးများပြားလာတာကိုသာ
စာရေးသူအနေနဲ့သတိပြုမိပါတယ်။နောက်တခုထူးခြားတာကတော့
ဗကပလေတပ်အဖွဲ့ဝင်တွေနဲ့သူတို့ရဲ့မျိုးဆက်တွေဟာသူတို့
အလွန်မုန်းတီးဆက်စုပ်တအမေရိကန်၊အင်္ဂလန်၊အော်ဇီ၊ဖင်လန်၊စကင်
ဒီနေးဗီးယားအစရှိတဲ့အရင်းရှင်နိုင်ငံတွေမှာအခြေချနေထိုငာကပါတယ်။
လေးစား၊ချိးမွမ်းဖို့ကောင်းတာကတော့သူတို့ဟာဘယ်ရောက်ရောက်
ခံယူချက်ကိုမစွန့်လွှတ်တဲ့အချက်ပါဘဲ။အရင်းရှင်နိုင်ငံတွေမှာမှီခိုနေ
ထိုင်းကြရင်းနဲ့အခွင့်သင့်တိုင်းမြန်မာပြည်မှာလမ်းပေါ်ထွက်ရင်ဆိုင်
ဖို့တော်လှန်ရေးဆင်နွှဲဖို့၊လူတန်းစားတိုက်ပွဲဆင်နွှဲဖို့၊ရန်ငါစသည်းပြတ်ဖို့
ဆော်သြနေကြဆဲပါဘဲ။
စစ်မြေပြင်မှာတော့ဗကပရဲ့လက်နက်ကိုင်တပ်တွေဟာဝ၊ကချင်၊၇ှမ်း၊အခါ၊
လားဟူအစရှိတဲ့တိုင်းရင်းသားလူမျိုးတွေနဲ့နယ်စပ်ကတရုတ်လူမျိုးတွေက
အများစုအဖြစ်ပါဝင်ဖွဲ့စသည်းထားတဲ့တပ်တွေပါ။ခေါင်းကိုင်လက်ကိုင်
အပြောင်းအလဲကြောင့်ဗကပအနေနဲ့လာဘ်၊လာဘခြောက်ခမ်းလာတဲ့
အချိန်ဘိန်းကုန်ကူးရတဲ့အနေအထားကိရောက်ရှိလာတဲ့အချိန်မှာတော့
ဒီလူမျိုးစုတွေဟာတရုတ်အစိုးရရဲ့ကျောထောက်ကျောခံကိုတိုက်ရိုက်ရ
ယူပြီးပန်ဆန်း၊လဲချားစတဲ့နေရာမှာကိုယ်ပိုင်အုပ်ချုပ်ရေးကိုရ၇ှိခဲ့ကြပြီး
နာမည်ခံအဖြစ်သာမြန်မာပြည်ရဲ့အစိပ်အပိုင်းအနေနဲ့တည်၇ှိကြပါတယ်။

ကျန်တဖက်မှာတော့ဗိုလ်ချုပ်ကြီးနေ၀င်း၊သမတကြီးဦးနေ၀င်း၊ဥက္ကဌကြီး
ဦးနေ၀င်းဟာစစ်တပ်ကိုလက်ကိုင်ဒုတ်သဖွယ်အားပြုပြီးအသွင်အမျိုးမျိုး
ဆောင်တဲ့နိုင်ငံတော်အကြီးကဲအဖြစ်နဲ့တပ်မတော်၊ပါတီ၊ပါတီနဲ့မြန်မာ
ပြည်သူကြီးတရပ်လုံးကိုထူးခြားလှတဲ့ပညာပေးအတွေ့အကြုံတွေကိုရရှိ
စေခဲ့ပါတယ်။တရုတ်ဗမာအရေးအခင်းဆီကိုတွန်းပို့ခဲ့တဲ့ဆန်ရှား၊ဆီရှား
အဖြစ်သို့ရောက်၇ှိစေခဲ့ပါတယ်။ဤနည်းအားဖြင့်မြန်မာပြည်သူတွေကို
ငတ်မွတ်ခြင်းဘေးဆိုတဲ့ဒုဗ္ဘိက္ခကပ်ရဲ့အရသာဟာဒီလိုပါလားဆိုပြီးပြည်သူ
တွေကိုမြည်းစမ်းစေနိုင်ခဲ့ပါတယ်။အရပ်သားအစိုးရခေတ်ရဲ့ပြည်တွင်းစစ်
အတွေ့အကြုံမှာမရှိခဲ့ရဘူးတဲ့အရှိန်မြင့်စစ်ပွဲကြီးများ။တနည်းအားဖြင့်
သတ္တန္တရကပ်၊ဖြစ်တဲ့လက်နက်ဘေးကြောင့်ပျက်စီးသေကြေကျိုးကန်းရတဲ့
အတွေ့ကြုံရရှိနိုင်စေခဲ့ပါတယ်။
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘ၀နှင့်မည်သူ့ကိုမျှထီမထင်၊ကိုယ့်လမ်းကိုယ်ထွင်
ပြီးလျှောက်နေတဲ့ဘ၀မှာငွေမရှိ၊ပစ္စည်းမရှိ၊ဆေးမ၇ှိတဲ့ဆေးရုံမှာတွေအခမဲ့
ကျန်းမာရေးဝန်ဆောင်မှုတွေရဲ့အကျိုးအားကြောင့်
ရောဂန္တရကပ်ဆိုတဲ့အနာရောဂါဘေးကြောင့်ပျက်စီးအတွေ့အကြုံတွေကို
လည်းပြည်တွေကိုအပြည့်အပေးအပ်နိုင်ခဲ့ပါတယ်။သည်အတွေ့အကြုံတွေ
ကိုဖြစ်စေတဲ့မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်စံနစ်ကိုမအောင်မြင်မှန်းအသိရှိရှိနဲ့
နှစ်ဆယ်ခြောက်နှစ်တိုင်တိုင်မပြုမပြင်ကျင့်သုံးပြီးမထီမဲ့မြင်နေထိုင်ခဲ့ပါတယ်။
တိုင်းပြည်ရဲ့ရှေ့ရေးကိုမဆိုထားနဲ့အာဏာ၇ှင်တို့ရဲ့ထုံးအတိုင်း၊မိမိ၏ပင်မ
ထောက်တိုင်အဖွဲ့အစည်းဖြစ်တဲ့တပ်မတော်ကိုပင်အခြေအနေတခုခုမှတွန်းပို့
လာသောကြောင့်မိမိအရိုက်အရာကိုလွှဲပေးဖို့လိုအပ်လာပါက၊လွှဲပြောင်းခံယူ
မည့်သူများကိုသတ်မှတ်ထားခြင်းမရှိ။သင့်တော်သောနေရာတွင်ခန့်အပ်ထား
ပြီးလေ့ကျင့်ပျိုးထောင်ပေးမှုမရှိခဲ့။
တတိုင်းပြည်လုံးအုံကြွတော်လှန်ပြီးလည်ဖြတ်၊ခေါင်းဖြတ်အခြေအနေသို့ရောက်
ရှိလာမှစစ်ဖက်ခေါင်းဆောင်များကို..ကဲမင်းတို့အာဏာသိမ်းတော့ဟုရက်ရက်
ရောရောလွှဲပေးခဲ့တော့သည်။
ထိုအခါကြမှသာကျွန်တော်တို့အာဏာမသိမ်းတတ်ပါဘူးအဖေကြီးဟုပြောလာ
သူဗိုလ်ချုပ်ကြီးစောမောင်တို့လူသိုက်ကိုအာဏာအသိမ်းခံရုပ်ပြသမတဒေါက်တာ
မောင်မောင်ကကျေညာချက်များရေးချွတ်ပေးရသည်မှအစသင်ပေးပြပေးရ
တဲ့အဖြစ်ပါ။မိမိရဲ့အကျိုးကိုကာကွယ်စောင့်ရှောက်ပေးရန်ရည်ရွယ်တခုတည်း
ကိုသာရှိပြီးစ်ဖက်ကိုလွှဲပေးခဲ့တာပါ။သည်လိုနဲ့စစ်အာဏာရှင်အဆက်ဆက်လက်
အောက်မှာနှစ်ပေါင်းနှစ်ကျော်ဆက်လက်ပြီးသက်ဇိုးရှည်ခဲ့၇ပါတော့တယ်။
နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊ပညာရေးအဖက်ဖက်မှကမ္ဘာ့အောက်ဆုံးတန်းသို့
ကျရောက်ခဲ့ရပါတော့တယ်။
နိုင်ငံရဲ့သယံဇာတတွေဟာလည်း၁၉၆၂ခုနှစ်ပတ်ဝန်းကျင်လောက်မှာမြန်မာပြည်
သာမကကမ္ဘာအရပ်ရပ်မှာစစ်တပ်ကအာဏာသိမ်းတဲ့ဖြစ်ရပ်တွေအလွန်များပြားခဲ့
ပါတယ်။သည်ဖြစ်စဉ်တွေဘာကြောင့်ဘယ်လိုဖြစ်လာရတယ်ဆိုတာကိုစိတ်ဝင်တ
စားလေ့လာခဲ့သူကတော့Oxford တက္ကသိုလ်မှနိုင်ငံရေးသပ္ပံပါမောက္ခS.E.Finer
ဖြစ်ပါတယ်။မြန်မာနိုင်ငံအပါအ၀င်စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့နိုင်ငံတွေကို
လေ့လာပြီး (The Man On Horseback) မြင်းပေါ်ကလူဆိုတဲ့အမည်နဲ့ယနေ့တိုင် အရပ်ဖက်စစ်ဖက်ဆက်ဆံရေးအကြောင်းနဲ့ပတ်သက်ပြီးဂန္ဓ၀င်အဖြစ်သတ်မှတ်ခြင်း
ခံရတဲ့စာအုပ်ကိုရေးသားပြုစုခဲ့ပါတယ်။

(Finer)ဖိုင်နာဟာလက်တင်အမေရိက၊အာဖရိက၊အာရှနိုင်ငံတွေမွှာရပ်သားအစိုးရတွေ
ကိုဖြုတ်ချပြီးအာဏာသိမ်းယူခဲ့တဲ့စစ်တပ်တွေအားလုံးကိုလေ့လာပါတယ်။အထူးသဖြင့်
အုပ်ချုပ်ရေးမှာထိရောက်မှု၊စွမ်းဆောင်နိုင်မှုအစရှိတဲ့အရည်အချင်းတွေပြည့်စုံတဲ့တပ်
တွေကိုအလေးထားပြီးလေ့လာခဲ့ပါတယ်။
ထိရောက်မှု၊စွမ်းဆောင်ရည်ဆိုရာမှာ(technical expertise)အတတ်ပညာပိုင်းဆိုင်ရာ
ကျွမ်းကျင်မှု၊(non-partisanship)နိုင်ငံရေးဖက်လိုက်မှုကင်း၇ှင်းခြင်း၊
(control of vast personnel and other military resources) ကြီးမားတဲ့
လူအင်အားအရင်းအမြစ်နဲ့စစ်ဖက်ဆိုင်ရာအခြားသောအရင်အမြစ်တွေကိုထိမ်းချုပ်ထားနိုင်တဲ့
စစ်တပ်တွေ၊(discipline) စည်းကမ်းရှိပြီး၊ (commitment to national interest) အမျိုးသားရေးအတွက်အပ်နှံပေးဆပ်မှုရှိတဲ့စစ်တပ်တွေကိုဆိုလိုတာပါ။
ဖိုင်နာဟာအထက်ပါအရည်အချင်းတွေနဲ့ပြည့်စံတဲ့စစ်တပ်တွေကိုသူရဲ့သုတေသန
အတွက်ရွေးချယ်တဲ့အခါမှာအရည်အချင်းပြည့်တဲ့စစ်တပ်တွေဟာအာဏာသိမ်းပြီး
အစိုးရအဖြစ်အုပ်ချုပ်တဲ့အခါပိုပြီးအောင်မြင်မယ်ဆိုတဲ့ယူဆချက်ကိုအခြေခံပြီးရွေး
တာပါ။ဖိုင်နာဟာအေ၇ွးချယ်ခံအစိုး၇တွေကိုနှစ်၇ှည်လများစောင့်ကြည့်ပြီ့း်လေ့လာ
ခဲ့ပါတယ်။လက်တွေ့မှာတွေ့၇ှိတဲ့အချက်ကတောအရည်အချင်းတွေနဲ့ပြည့်ဝသည်
ကြောင့်ဖိုင်နာအနေနဲ့အောင်မြင်မယ်လို့မြှော်လင့်ခဲ့တဲ့စစ်အစိုး၇တိုင်းဟာအာဏာ
မသိမ်းမိက၇ှိခဲ့တဲ့အခြေအနေထက်ပိုမိုဆိုးဝါးတဲ့အခြေအနေမှာသူတို့အုပ်ချုပ်ခဲ့တဲ့
တိုင်းပြည်တိုင်းမှာဖန်တီးထားရစ်ခဲ့တယ်ဆိုတဲ့အချက်ပါဘဲ။Finerအနေနဲ့ကောက်
ချက်ဆွဲခဲ့တဲ့ပြဿနာအကြောင်းရင်းကတော့
(the explanation also lays in the attributes of the military
institution, this time those that are incompatible with
effective governance. Leading the way among these factors is
the distaste for politics and the political
process, intolerance of dissent, which leads to repression and
decreased legitimacy, and lack of the broad expertise needed to
effectively govern.)

စစ်တပ်တွေဟာသူတို့၇ဲ့သဘာဝပင်ကိုယ်အရည်အချင်းတွေကြောင့်ထိရောက်
တဲ့အစိုးရတရပ်အဖြစ်အုပ်ချုပ်နိုင်ဖို့ရာမဖြစ်နိုင်တာကိုတွေ့ရှိရပါတယ်။နိုင်ငံရေးနဲ့
နိုင်ငံရေးရဲ့လုပ်ငန်းဖြစ်စဉ်တွေကိုမနှစ်မြို့ခြင်း။သဘောထားကွဲလွဲမှုကိုသည်းမခံနိုင်
ခြင်းကြောင့်ဖိနှိပ်ခြင်း၊ထိုမှတဆင့်စစ်အစိုးရဟာတရားဝင်အစိုးရအဖြစ်လက်ခံမှုကျ
ဆင်းယုတ်လျော့လာခြင်း၊ထိရောက်တဲ့အစိုးအရအုပ်ချုပ်နိုင်ရန်ကျွမ်းကျင်မှုကျယ်
ကျယ်ပြန့်ပြန့်မ၇တဲ့အကြောင်းများကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာလည်းဗိုလ်ချုပ်ကြီးနေ၀င်းမှသည်ဗိုလ်ချုပ်မှူးကြီးစောမောင်၊
ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ရဲ့နှစ်ပေါင်းငါးဆယ်ကျော်ကြာမြင့်ခဲ့တဲ့စစ်အစိုးရအဆက်
ဆက်ရဲ့တိုင်းပြည်အပေါ်သက်ရောက်မှုရလဒ်တွေဟာFinerရဲ့သုတေသနတွေ့၇ှိတွေ
နဲ့ထပ်တူဖြစ်ကြောင်းတင်ပြရင်းသည်ဆောင်းပါး၇ှည်ကိုနိဂုံးချုပ်အပ်ပါကြောင်း။
 

 

 

 

ရွှေခွက်ကိုတဲ့ဆွဲကာကိုင်၊(၆)

Shwekwet(6)

ရေးသားသူ။။ဒေါက်တာထွန်းကျော်ငြိမ်း

အရပ်ဖက်အမြင်နဲ့စစ်ဖက်အမြင်
စာရေးသူအရင်အပတ်ကတင်ပြခဲ့သလ၊ိုအမေရိကန်စစ်တက္ကသိုလ်
ရဲ့ပါမောက္ခမေရီဘက်သ်အူးလ်ရစ်ခ်ျဟာနိုင်ငံရေးသမားအရပ်ဖက်
ခေါင်းဆောင်တွေနဲ့စစ်ခေါင်းဆောင်တွေအကြားမှာကျွမ်းကျင်မှုနဲ့
ပတ်သက်လို့ကွဲပြားမှုကိုဖေါ်ပြပြီး…..”နိုင်ငံရေးသမားတွေဟာနိုင်
ငံတော်လုံခြုံရေးကိစ္စရပ်တွေမှာအတွေ့အကြုံအားဖြင့်မဟာဗျူဟာ
ချမှတ်ရေးနဲ့နိုင်ငံရေးရှုထောင့်အမြင်တွေဖက်မှာပိုပြီးအားသန်လေ့
ရှိတယ်။စစ်ဖက်ခေါင်းဆောင်တွေကတော့လက်နက်ကိုင်အကြမ်း
ဖက်နည်းနဲ့အကြုံးဝင်တဲ့စစ်ဆင်ရေးဆိုင်ရာနည်းပညာပိုင်းမှာအ
ခြေခံတယ်။”လို့ဆိုပါတယ်။
၁၉၄၈ခုမှ၁၉၆၂ခုနှစ်အထိအရပ်သားတွေခေါင်းဆောင်တဲ့အစိုးရရဲ့
လုပ်ဆောင်ချက်တွေနဲ့၁၉၆၂ခုမှသည်၂၀၁၁နှစ်အထိ စစ်ခေါင်း ဆောင်တွေရဲ့လုပ်ဆောင်ချက်တွေကိုနှိုင်းယှဉ်ကြည့်တဲ့အ
ခါပါမောက္ခအူးလ်ရစ်ခ်ျရဲ့အဆိုဟာမှန်ကန်ကြောင်းတွေ့ရပါမယ်။
ဦးနု၊ဦးကျော်ငြိမ်းဦးဗဆွေတို့ခေါင်းဆောင်တဲ့ဖဆပလအစိုးရဟာ
ရောင်စုံသူပုန်တွေပတ်လည်ဝိုင်းပြီးရန်ကုန်အစိုးရလို့အခေါ်ခံနေရ
တဲ့ဘ၀မှနေပြီးဥရောပ၊အာဖရိက၊အရှေ့အလယ်ပိုင်းနိုင်ငံမှခေါင်း
ဆောင်တွေတက်ရောက်အားပေးထောက်ခံမှုကိုရရှိခဲ့တဲ့အာရှဆို
ရှယ်လစ်ကွန်ဖရင့်ရဲ့ဌာနချုပ်တည်ရာအိမ်၇ှင်နိုင်ငံလည်းဖြစ်
ခေါင်းဆောင်နိုင်ငံလည်းဖြစ်တဲ့နိုင်ငံရေးအဆင့်အတန်းကိုရောက်ရှိ
ခဲ့တယ်။အာရှဆိုရှယ်လစ်ကွန်ဖရင့်မှရ၇ှိတဲနိုင်ငံရေ့းအရှိန်ကိုအကျိုး
ရှိစွာအသုံးချခဲ့တယ်။မိမိဒေသအတွင်းရှိတဲ့အိန္ဒိယ၊ပါကစ္စတန်၊
အင်ဒိုနီးရှား၊နီပေါ၊ဗီယက်နမ်အစရှိတဲ့အိမ်နီးချင်းနိုင်ငံများနှင့်သာမ
က၊မိမိဒေသရဲ့ပြင်ပမှာရှိတဲ့ဥရောပ၊အစ္စရေးလ်၊ယူဂိုဆလားဗီးယား
တို့ရဲ့ရင်းနှီးချစ်ကြည်လေးစားမှုကိုရယူနိုင်ခဲ့ပါတယ်။သည့်အတွက်၊
ကမ္ဘာ့ပြိုင်ဖက်အင်းကြီးအုပ်စုကြီးနှစ်ခုစလုံးကမြန်မာနိုင်ငံငယ်ကလေး
ကိုအလေးထားဂရုစိုက်ဆက်ဆံကြပါတယ်။၁၉၅၄ခုနှစ်မှာတရုတ်နိုင်
ငံဝန်ကြီးချုပ်ချူအင်လိုင်းဟာတရုတ်အစိုးရအနေနဲ့ရန်စောင်၊အဖက်
မလုပ်ခဲ့တဲ့မြန်မာပြည်ကိုပထမဥိးဆုံးအကြိမ်လာရောက်မိတ်ဆက်ခဲ့
ပါတယ်။နိုင်ငံခေါင်းဆောင်တွေဟာနိုင်ငံခြားခရီးစဉ်တွေကိုအပျော်
သွားလေ့မရှိပါဘူး။ထိုစဉ်အခါကအမေရိကန်ဟာတရုတ်ကိုဝိုင်းရံ
ပိတ်ဆို့နိုင်ရေးအတွက်ဆီးတိုးအုပ်စုကိုဖွဲ့စည်းနေစဉ်အချိန်
ဖြစ်ပါတယ်။တရုတ်ရဲ့အနောက်တောက်ကဂယ်ပေါက်ဟာဗမာ
ပြည်သာရှိပါတယ်။သည့်အပြင်အမေရိကန်ဖိအားကိုဒေသတွင်း
တွန်းလှန်နိုင်ရေးမှာအိန္ဒိယ၊မြန်မာနှင့်အင်ဒိုနီးရှားတို့ရဲ့ကြားနေ
အုပ်စုနှင့်ပူးပေါင်းရေးဖြစ်သည်။သို့ကြောင့်ကျင်းပရန်စီစဉ်ဆဲဖြစ်
သည့်ကြားနေတို့ရဲ့ဘန်ဒေါင်းကွန်ဖရင့်သို့တရုတ်ပြည်အနေဖြင့်
ဖိတ်ကြားခံရရေးအတွက်ဦးနုကိုလာရောက်ချဉ်းကပ်ခြင်းဖြစ်သည်။
အချုပ်အားဖြင့်ကမ္ဘာ့ကြားနေအုပ်စုကြီးကိုထူထောင်ရာမှာ
ခေါင်းဆောင်တနေရာမှပါဝင်ခဲ့သည့်အတွက်သာမန်အဖွဲ့ဝင်
ထက်အဆများစွာပိုပြီးသြဇာရှိတဲ့ခေါင်းဆောင်နိုင်ငံအဆင့်ကို
ရရှိခဲ့တယ်။

 

အရပ်ဖက်နဲ့စစ်ဖက်၊ရေမြင့်တော့ကြာတင့်
ရေမြင့်တော့ကြာတင့်ဆိုသလိုနိုင်ငံရေးအောင်မြင်မှုတွေကတဆင့်
တပ်မတော်ဟာသူ့ရဲကအဓိကတာဝန်ဖြစ်တဲ့ပြည်ပရန်ကာကွယ်
မှာအောင်မြင်မှုတွေကိုရ၇ှိခဲ့တယ်။သည်နေရာမှာလည်းစစ်ရေး
အောင်မြင်မှုဟာ၁၉၅၀ခုလောက်မှာကျူးကျော်ဝင်ရောက်လာတဲ့
အင်အားတသောင်းကျော်တဲ့တရုပ်ဖြူတွေရဲ့ရန်စွယ်ကိုလက်နက်
အင်အားမမျှသည့်အတွက်ဗမာ့တပမတော်ဟာထိရောက်အောင်
မြင်စွာမကွာကွယ်ခဲ့နိုင်ဘူး။ဦးကျော်ငြိမ်းရေးဆွဲအကောင်အထည်
ဖေါ်တဲ့မဟာဗျူဟာအရယူဂိုဆလာဗီးယားနဲ့အစ္စရေးလ်နှစ်နိုင်ငံ
တို့ကို၊အာရှဆိုရှယ်လစ်ကွန်ဖရင့်နဲ့ဘန်ဒေါင်းကွန်ဖရင့်မှတဆင်
့ပေါ်ထွန်းလာတဲ့ကမ္ဘာ့ကြားနေရေးလှုပ်ရှားမှုထဲလက်တွဲခေါ်ဆောင်
နိုင်ခဲ့ပါတယ်။.ယူဂိုဆလပ်နဲ့အစ္စရေးတို့ထံမလညှ်းတောင်ပေါ်ပစ်
အမြောက်များစစ်လေယာဉ်များစသည်တို့ကိုလုံလောက်စွာလက္ခံ
ရရှိခဲ့ပါတယ်။သည့်အတွက်အုပ်စုကြီးနှစ်ဖွဲ့ရဲ့ပိတ်ဆို့မှုကိုကျော်
လွန်ပြီးတရုတ်ဖြူကိုပြတ်ပြတ်သားသားတွန်းလှန်မောင်းထုတ်နိုင်
တဲ့လက်နက်အင်အားတောင့်တင်းတဲ့တပ်မတော်ကိုတည်ဆောင်
နိုင်ခဲ့ပါတယ်။
တရုတ်ဖြူတပ်တွေကိုတိုက်တိုင်းရှုံးနေရာမှသည်အနိုင်တိုက်ထုတ်
နိုင်ခဲ့သည်အထိစစ်ပွဲတွေရဲ့တိုက်စစ်မှူးဦးစီးဖြစ်တဲ့ဗိုလ်မှူးချုပ်
ဟောင်းကျော်ဇောမကွယ်လွန်မီကအမေးအဖြေကဏ္ဍ(interview)
တခုမှာဖြစ်ပါတယ်။မိုးမခမီဒီယာမှာတရုပ်ဖြူတပ်တွေဟာဗမာ့တပ်
မတော်ကိုဘာကြောင့်ရှုံးရသလဲလို့မေးပါတယ်။ဗိုလ်ကျော်ဇောက
တရုပ်ဖြူတွေလူအင်အား၁၃၀၀၀၇ှိပေမဲ့ဗမာ့တပ်မတော်လိုတောင်
ပေါ်ပစ်အမြောက်တွေမရှိခဲ့သည့်အတွက်တပန်းရှုံးခဲ့ကြောင်းဖြေကြား
ခဲ့ပါတယ်။သည်တောင်ပေါ်ပစ်အမြောက်တွေဟာအရပ်သားနိုင်ငံ
ရေးခေါင်းဆောင်တွေရေးဆွဲစီမံတဲ့မဟာဗျူဟာနဲ့အညီဆိုဗီယက်၊
အင်္ဂလိပ်၊အမေရိကန်တို့ရဲ့နှစ်ညှပ်ပိတ်ဆို့မှုကိုထိုးဖေါက်ပြီး
ယူဂိုဆလပ်မှရရှိခဲ့တဲတောင်ပေါ်ပစ်အမြောက်တွေပါ။

ပျောက်ကြားသာသာမှဘယ်လိုပရော်ဖယ်၇ှင်နယ်တပ်မတော်ဖြစ်
လာတာလဲ။

လတ်တလောမှာမြန်မာ့စစ်ဖက်နိုင်ငံရေးနဲ့ပတ်သက်လျင်ဆရာ
ကြီးတဆူဖြစ်နေတဲ့ဝါ၇ှင်တန်ပြည်နယ်တက္ကသိုလ်မှပါမေက္ခ
မေ၇ီကယ်လဟန်ရဲ့အဆိုအရ၊၁၉၅၀ခုနှစ်များရဲ့နှစ်ဦးပိုင်းတွေ
မှာဖြင့်မြန်မာ့တပ်မတော်ဆိုတာလက်တွေ့အားဖြင့်ပျောက်ကျား
တပ်သာသာအခြေအနေမျှသာ၇ှိခဲ့တယ်လို့ဆိုပါတယ်။
၁၉၅၃-၅၄ခုနှစ်တွေမှာယူဂိုဆလပ်နဲ့အစ္စရေးနိုင်ငံတွေဆီသို့ စစ်မစ်ရှင်တွေသွားရောက်ခဲ့ပြီးပြန်လာတဲ့အခါမှသာ၊သည်နိုင်ငံ
တွေဆီကနေရ၇ှိခဲ့တဲ့အသိပညာတွေ၊အတွေ့အကြုံတွေနဲ့ဖွဲ့စည်း
ပုံမှအစပြုပြီးခေတ်မှီတဲ့စစ်တပ်အဖြစ်ဖွဲ့စည်းတည်ဆောက်နိုင်ခဲ့
တယ်လို့ဆိုပါတယ်။သည်လိုခေတ်မှီစစ်တပ်ဖြစ်မြောက်ရေးအ
တွက်မရှိမဖြစ်လိုအပ်တဲ့အရာကတော့မည်သို့ပြုပြင်ဖွဲ့စည်းရ
မည်ဆိုတဲ့အသိအမြင်ကိုရ၇နိုင်ဖို့ဘဲဖြစ်ပါတယ်။ဒါပေမဲ့
မေရီကယ်လ်လာဟန်ဟာခုလိုအရေးပါတဲ့အသိအမြင်အတွေ့
အကြုံတွေရ၇ှိနိုင်စေရေး၊စစ်မစ်၇ှင်တွေစေလွှတ်နိုင်ရေး၊
သက်ဆိုင်ရာနိုင်ငံတွေကိုရွေးချယ်ခြင်း၊ယင်းနိုင်ငံများနှင့်ချစ်ကြည်
ရင်းနှီးမှုရ၇ှိရန်လုပ်ဆောင်ခြင်း၊ထိရောက်တဲ့နိုင်ငံခြားရေးပေါ်လစီ
များကိုမဟာဗျူဟာချမှတ်ဆောင်၇ွက်အကောင်အထည်ဖေါ်ခြင်း
စသည်တို့ကိုလုပ်ဆောင်ခဲ့တဲ့အရပ်သားခေါင်းဆောင်တွေ၇ဲ့
လုပ်ဆောင်ချက်တွေကိုပါးပါးလေးဖုံးကွယ်ခဲ့ပါတယ်။ယူဂိုဆလပ်
နိုင်ငံ၊အစ္စရေးနိုင်ငံတို့နဲ့ချစ်ကြည်ရေးမိတ်ဆက်မစ်၇ှင်တွေကို
ဦးဆောင်သွားရောက်ပြီးလမ်းသစ်ထွင်ခဲ့တဲ့ထိုစဉ်အခါက
စက်မှုလက်မှုဝန်ကြီးဦးကျောငြိမ်းနဲ့ကာကွယ်ရေးဝန်ကြီးဌာနမှ
ပါလီမန်အတွင်းဝန်သခင်ချစ်မောင်တို့ရဲ့အခန်းကဏ္ဍကိုလုံးဝ
ဖျောက်ကွယ်ပြီးယူဂိုဆလပ်၊အစ္စရေးနိုင်ငံများသို့သွားရောက်ခဲ့
တဲ့တပ်မတော်စစ်မစ်၇ှင်များကြောင့်ပျောက်ကြားသာသာစစ်တပ်
မှသည်ခေတ်မှီတပ်မတော်ကိုမည်သို့တည်ဆောက်၇မလဲဆိုတဲ့
အကြံဥာဏ်တွေရခဲ့ကြောင်းကိုအမွှန်းတင်ရေးသားဖေါ်ပြခဲ့ပါတယ်။

ပြင်ပမှခရိုနီပညာရှင်တွေပြောတဲ့မြန်မာ့အရပ်ဖက်စစ်ဖက်
ဆက်ဆံရေးအကြောင်း

ဒီနေရာမှာအလျင်းသင့်လို့စာရေးသူတင်ပြချင်တဲ့အချက်ရှိပါ
သေးတယ်တယ်။အဲဒါကတော့၊စစ်အစိုးရအစဉ်အဆက်နဲ့ပါတ်
သက်လို့ဝါဒဖြန့်ချီရေးသားထောက်ခံတဲ့သူတွေအထဲမှာပြည်
တွင်းကလက်နက်ချအလံနီ၊အလံဖြူကွန်မြူနစ်တွေနဲ့တကွ
ထောက်လှမ်းရေးခြံပေါက်သတင်းမီဒီယာသမားတွေစစ်ဗိုလ်
စာရေးဆရာတွေသာမကပါဘူး။နိုင်ငံခြားသားပညာရှင်တွေ
လည်းပါဝင်ပါတယ်။အထင်၇ှားဆုံးကတော့အမေရိကန်မှာ
ဘွဲ့ရပြီးအင်္ဂလန်ကျောင်းတွေမှာအမှုထမ်းဘူးတဲ့ရောဘတ်
တေလာပါဘဲဖြစ်ပါတယ်။အကြာခင်က(General Ne Win)
ဆိုတဲ့ဗိုလ်ချုပ်နေ၀င်းရဲ့အတ္ထုပ္ပတ္တိကိုရေးခဲ့တဲ့စာရေးဆရာ
လည်းဖြစ်ပါတယ်။စစ်အစိုးရခေတ်မှာအများသူတွေမရနိုင်တဲ့
ကန့်သတ်ထားတဲ့စီးပွားရေးအခွင့်အလမ်း(Limited Access
Economic Opportunities) တွေကိုရရှိပြီးဒေါ်လာသန်းထောင်
နဲ့ ချီပြီးချမ်းသာသွားတဲ့ခရိုနီတွေလိုပါဘဲ။တော်လှန်ရေးကောင်စီနဲ့
မဆလခေတ်မှာမြန်မာပြည်အကြောင်းကိုအထူးပြုလေ့လာလို
တဲ့နိုင်ငံခြားတက္ကသိုလ်တွေကပညာရှင်တွေဟာမြန်မာပြည်ကို
လာရောက်နေထိုင်လေ့လာခွင့်မရရှိခဲ့ကြပါဘူး။ပြည်တွင်းမှ
ပညာရှင်တွေလည်းအလိုတော်ယှိမဟုတ်ရင်ပြည်ပထွက်ခွင့်
မရရှိကြပါဘူး။အပြင်ဖက်ကမ္ဘာမှမြန်မာပြည်တွင်းသို့ကြည့်တဲ့
အခါမှာလည်းအမှောင်၊ပြည်တွင်းမှပြည်ပသို့လှမ်းကြည့်သည့်
အခါမှာလည်းအမှောင်ထုနဲ့သာရင်ဆိုင်ခဲ့ကြရတဲ့မြန်မာနိုင်ငံရဲ့
(Dark Ages) အချိန်ပါ။ အဲသည်ကာလအဲသည်အချိန်တွေမှာ ထိရောက်တဲ့ဆိုရှယ်လစ်အသိရှိသူ၊ဆို၇ှယ်လစ်အချိတ်အဆက်
ကောင်းရှိသူတယောက်စနှစ်ယောက်စလောက်သာမြန်မာနိုင်ငံ
သို့နှစ်ရှည်လများလာရောက်နေထိုင်ပြီးနိုင်ငံရေးသိပ္ပံဆိုင်ရာ
မြန်မာနိုင်ငံအကြောင်းကိုလေ့လာခွင့်ရရှိခဲ့ကြပါတယ်။စုန်း
အကြောင်းနတ်အကြောင်းမင်းကြီးမင်းကလေးအကြောင်းလေ့လာ
လိုတဲ့ပြင်သစ်ပညာ၇ှင်အချို့နဲ့ကွန်မြူနစ်အရှေ့ဂျာမန်မှမြန်မာစာ
လေ့လာသူပညာ၇ှင်အချို့ကိုလည်းမြန်မာပြည်သို့ဝင်ခွင့်ဗီဇာ
ပေးခဲ့ပါတယ်။၁၉၇၀ခုနှစ်များမှာအမေရိကန်မှရောဘတ်တေလာ
ဟာအထက်မှာဆိုခဲ့သလိုထူးခြားတဲ့အခွင့်အလမ်းတွေကိုရရှိပြီး
ကမ္ဘာမှာရှားပါးကုန်ဖြစ်တဲ့နိုင်ငံခြားသားမြန်မာ့နိုင်ငံရေးစပါယ်ရှယ်
လစ်ပညာရှင်ဆရာကြီးအရိုက်အရာကိုရရှိလာခဲ့ပါတယ်။
ဒီအခွင့်အရေးကိုရ၇ှိခဲ့တဲ့အတွက်သူရဲ့ကျေးဇူးရှင်ဦးနေ၀င်းကို
လည်းဘယ်သောအခါမှမမေ့တဲ့သူပါ။သူ့ရဲ့ဘ၀အောင်မြင်မှုနဲ့
အသက်မွေးဝမ်းကျောင်းဟာလည်းဦးနေ၀င်းအစပြုတဲ့စစ်ဖက်တို့
ရဲကအောင်မြင်မှုနဲ့ထဲထဲဝင်ဝင်ဆက်စပ်လို့နေပါတယ်။
ဆရာကြီးရောဘတ်တေလာကဆက်သွယ်ထောက်ခံပေးတဲ့
လက်ရွေးစင်နိုင်ငံခြားပညာရှင်အနည်းအကျင်းဟာလည်းမြန်မာပြည်
သို့အချိန်မရွေးဝင်ခွင့်ရတဲ့(Limited Access Scholars)တွေဖြစ်လာ
ပါတယ်။ရောဘတ်တေလာအထူးရွေးချယ်မြှောက်စားခဲ့တဲ့နိုင်ငံခြား
ပညာရှင်တွေထည်းမှာမေရီကယ်လာဟန်လည်းတယောက်အပါအ၀င်
ဖြစ်ပါတယ်။သည်လိုအရွေးချယ်ခံအက်ကယ်ဒဲမစ်ခ်ပညာရှင်တွေသာ
စစ်အစိုး၇ခေတ်အဆက်ံဆက်မှာပြည်တွင်းသို့တံခါးမ၇ှိဒါးမ၇ှိဝင်ခွင့်
ရခဲ့ကြပါတယ်။သည်မျှနှင့်သာမကသေးပါဘူး။ံတပ်မတော်မော်ကွန်း
တိုက်ကစာရွက်စာတမ်းတွေကိုလေ့လာနိုင်ခွင့်ဆိုတဲ့ကန့်သတ်အခွင့်
အရေးကိုရရှိခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့မေရီကယ်လာဟန်ဟာ၁၉၆၂ခုနှစ်
မှကျော်လွန်တဲ့တပ်မတော်အကြောင်းကိုရေးသားခွင့်မရခဲ့ပါဘူး။
၁၉၆၂ခုအာဏာသိမ်းကာလနဲ့ကျော်လွန်တဲ့မော်ကွန်းတိုက်ရှိစာရွက်
စာတမ်းတွေကိုလည်းလေ့လာခွင့်မရရှိပါဘူး။သည်လိုအခွင့်အရေးကို
ရရှိပြီး(Making Enemies.War and state Building in Burma)
ရန်သူများကိုဖန်တီးခြင်း။ ဗမာပြည်၏စစ်နှင့်နိုင်ငံတည်ဆောက်ရေး
အကြောင်းဆိုတဲ့စာအုပ်ကို ရေးသားပြီးပါရဂူဆရာတဆူဖြစ်လာပြန်
ပါတယ်။ မေရီကယ်လာဟန်ရဲ့အဆိုကတော့အချုပ်အားဖြင့်စစ်အစိုး
ရဟာဖြစ်သင့်လို့ဖြစ်လာသည်။နိုင်ငံရေးသမားအရပ်သားတွေအသုံး
မကျ၊နိုင်ငံရေးပါတီတွေမညီညွတ်သည့်အတွက်ခေတ်အမှီဆုံးအဖွဲ့
အစည်းဖြစ်တဲ့စစ်တပ်သည်သာတိုင်းပြည်အုပ်ချုပ်ရန်အသင့်တော်
ဆုံးဖြစ်လာရသည်ဆိုတဲ့ဇာတ်လမ်းပါဘဲ။သည်ဇာတ်လမ်းကိုဖန်တီးရာ
မှာအရပ်သားတွေရဲ့လုပ်ဆောင်ချက်တွေကိုပါးပါးလေးဖုံးဖိပြီးသူလို
လားတဲ့ဇာတ်လမ်းကိုပန်းပုဆရာလိုဟိုအချွန်ကလေးကိုလှီးထုတ်ဒီ
အစွန်းကလေးကိုဖြတ်ထုတ်နဲ့လိုရာပုံသဏ္ဍာန်နဲ့အရုပ်ကို
ထုထွင်းရယူခဲ့တာပါ။
မြန်မာစစ်ခေါင်းဆောင်နှင့်တရုတ်အရပ်သားခေါင်းဆောင်တို့
အကြားဆက်ဆံရေးနှင့်အမြင်ကွဲပြားမှု။

ပြည်တွင်းဆက်ဆံရေးမှာသာမဟုတ်ပါဘူး။နိုင်ငံတကာဆက်ဆံရေး
မှာလည်းအရပ်သားခေါင်းဆောင်နဲ့စစ်ဖက်ခေါင်းဆောင်တို့ရဲ့တွေး
ခေါ်မြှော်မြင်မှုချင်းမတူကြပါဘူး။
၁၉၆၂မတ်လ၂ရက်နေ့ကမြန်မာနိုင်ငံမှာစစ်တပ်ခေါင်းဆောင်
ဗိုလ်ချုပ်နေ၀င်းကနိုင်ငံတော်အာဏာကိုသိမ်းယူတဲ့အချိန်မှာအိမ်နီးချင်း
နိုင်ငံဖြစ်တဲ့တရုတ်အစိုးရဟာရတက်မအေးဖြစ်ရပါတယ်။

အကြောင်းကတော့ဘက်မလိုက်အုပ်စုဝင်ဖြစ်နေတဲ့တရုတ်အစိုးရ
ဟာဖက်မလိုက်အဖွဲ့မှနေပြီးမြန်မာပြည်ထွက်ခွာသွားမှာကိုစိုးရိမ်
ပါတယ်။အကြောင်းကတော့၁၉၆၂ခုတ၀ိုက်မှာဘက်မလိုက်အုပ်စု
ဟာအဖွဲ့ဝင်ဖြစ်တဲ့တရုတ်ပြည်သူ့သမတနိုင်ငံရဲ့နိုင်င့ခြားရေးပေါ်
လစီရဲ့အရေးပါတဲ့အစိပ်အပိုင်းတရပ်ဖြစ်နေလို့ပါဘဲ။
တရုတ်ပြည်ရဲ့အပြည်ပြည်ဆက်ဆံရေးအခြေအနေကလည်းရှုပ်ထွေး
နေတဲ့အချိန်ပါ။စတာလင်သေဆုံးပြီးကတည်းကခရုရှက်ရဲ့ပြန်လည်
ပြင်ဆင်ရေးမူတွေကြောင့်ရုရှားတရုတ်ဆက်ဆံရေးဟာနေ့တခြားပိုပြီး
တင်းမှာလာနေပါတယ်။အိန္ဒိယနဲ့တရုတ်နှစ်နိုင်ငံအကြားမှာလည်း
အင်္ဂလိပ်ချန်ရစ်ခဲ့တဲ့(McMahon Line) နယ်စပ်မျဉ်းနဲ့စပ်လျဉ်းပြီး
အငြင်းပွားနေတဲ့အချိန်ပါ။
အင်ဒိုချိုင်းနားအခြေအနေကလည်းဒေသစစ်ပွဲဆီကိုညွှန်ပြခြိမ်းခြောက်
လျက်ရှိပါတယ်။
၁၉၅၄ခုဂျနီဗာညီလာခံအပြီးမှာတောင်နဲ့မြောက်ဗီယက်နမ်နှစ်နိုင်ငံ
ကို(ု၁ရ)မျဉ်းပြိုင်(17th Parallel)စည်းခြားပေးခဲ့ပါတယ်။ဒါပေမဲ့
တောင်ဗီယက်နမ်မှာဗီယက်ကောင်းနဲ့အမေရိကန်ထောက်ခံတဲ့
ငိုဒင်းဇင်အစိုးရတို့ဟာအားပြိုင်တိုက်ခိုက်နေတဲ့အချိန်ပါ။
၁၉၆၁-၆၂မှာတော့အမေရိကန်သမတကနေဒီဟာ(Operation BeefUp)အမည်နဲ့တောင်ဗီယက်နမ်သို့အမေရိကန်တပ်သားတသောင်း
အထိကိုပို့ဆောင်ခဲ့ပါတယ်။ဲ့ရဟတ်ယာဉ်အမြောက်အများနဲ့စစ်လက်နက်
အမြောက်အများကိုလည်းပို့ဆောင်ခဲ့ပါတယ်။အမှန်တကယ်အခြေအနေ
အရတောင်ဗီယက်နမ်ဖက်မှနေပြီးအမေရိကန်ဟာစစ်တပ်အလုံးအရင်းနဲ့
ဝင်ရောက်တိုက်ခိုက်တော့မယ်ဆိုတာထင်ရှားလာနေပြီဖြစ်တဲ့အရိပ်
အရောင်တွေပါဘဲ။ဒီအနေအထားကိုမြောက်ဗီယက်နမ်ခေါင်းဆောင်ဟိုချီမင်း
ကလည်းမြင်ပါတယ်။မော်စီတုန်းတို့ချူအင်လိုင်းတို့ကလည်းမြင်ပါတယ်။
ဟိုချီမင်းရောချူအင်လိုင်းပါအမေရိကန်နဲ့စစ်မဖြစ်လိုကြပါဘူး။အမေရိကန်နဲ့
စစ်ဖြစ်မဲ့အရေးကိုရှောင်လွှဲဘို့ရာတောင်ဗီယက်နမ်ကိုအင်ဒိုနီးရှား၊မြန်မာ
တို့၇ဲ့ကြားနေရေးအဖွဲ့ထည်းကိုပါဝင်နိုင်ဖို့ရန်စဉ်းစားနေတဲ့အခြေအနေပါ။
အကယ်၍ဦးနုသာဝန်ကြီးချုပ်အဖြစ်ဆက်လက်၇ှိနေခဲ့မယ်ဆိုရင်
တောင်ဗီယက်နမ်ကိုကြားနေရေးအဖွဲ့ထည်းပါဝင်နိုင်ရေးကိုဖြစ်မြောက်
အောင်ဆောင်ရွက်နိုင်မှာပါ။အဲသည်အတိုင်းသာဖြစ်ခဲ့ရင်လည်းဗီယက်နမ်
စစ်ပွဲကိုရှောင်လွှဲကောင်းရှောင်လွှဲခဲ့နိုင်မှာပါ။

ထက်ဖေါ်ပြပါအခြေအနေတွေကြောင့်မြန်မာပြည်မှာအာဏာသိမ်းပြီး
တက်လာတဲ့ဗိုလ်ချုပ်ကြီးနေ၀င်းကိုတရုတ်အစိုးရဟာအထူးချော့မော့ပြီး
ပေါင်းသင်းနေပါတယ်။
သည်အချိန်မှာတော်လှန်ရေးကောင်စီဟာကွန်မြူနစ်ဝါဒကိုယုံကြည်တဲ့
ဆရာကြီးဦးချစ်လှိုင်ရေးပေးတဲ့အညမညဆိုရှယ်လစ်ဝါဒကိုတရားဝင်
ထုတ်ပြန်ကျေညာပါတယ်။ဗိုလ်ချုပ်ကြီးကတော့အနုပဋိလောမကိုအညမည
နဲ့ပါးပါးလေးအစားထိုးကွယ်ဝှက်ထားတဲ့မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို
တရုတ်ကောရုရှားပါထောက်ခံအားပေးလိမ့်မယ်လို့လည်းမှတ်ထင်နေ
ပုံရပါတယ်။

 

ရွှေခွက်ကိုတဲ့ဆွဲကာကိုင်(၅)

ရွှေခွက်ကိုတဲ့ဆွဲကာကိုင် (5)

 

ဒေါက်တာထွန်းကျော်ငြိမ်း

 

မြင်တယ်၊စိတ်ကူးထဲလဲမြင်တယ်၊အိမ်မက်ထဲလဲမြင်တယ်။
တော်လှန်ရေးကောင်စီမှသည်မဆလ၊န၀တ၊စစ်အာဏာ၇ှင်၊တပါတီ
အာဏာရှင်အစိုးရတွေဟာအနှစ်(၅၀)ကျော်ကာလအတွင်းလက်သုံး
တော်ဝါဒဖြန့်ချီရေးယန္တရား၊ထိန်းချုပ်မှုပြည့်ဝတဲ့သတင်းဂျာနယ်အမှု
ထမ်းစသည်တို့ရဲ့အကူအညီနဲ့ပြည်သူတွေကိုလုပ်ကြံ်ဇာတ်တွေခင်း
ပြီးဆေးထိုးခဲ့ပါတယ်။ကနေ့တိုင်လည်း၊မနှောင်းသေးတဲ့အတိတ်ကာ
လရဲ့မြန်မာနိုင်ငံရေးသမိုင်းကိုလိုရာဆွဲပြီးဖန်တီးရေးသားကြတုန်းပါဘဲ။
လွန်ခဲ့တဲ့အနှစ်(၅၀)ကျော်အတွင်းမြန်မာပြည်သူတွေအဖို့လက်လှမ်းမှီ
တဲ့မြန်မာ့သမိုင်းကိုဖတ်ရခြင်းဟာစာရေးသူတို့ငယ်စဉ်ကရန်ကုန်
တိရစ္ဆာန်ရုံမှာတွေ့ရလေ့ရှိတဲ့(distorting mirror or carnival mirror) ကြည့်လိုက်ရင်မိမိရဲ့တွန့်လိမ်ကောက်ကွေးတဲ့ပုံသဏ္ဌာန်ကိုမြင်ရတဲ့အ
ပျော်ကြည့်မှန်ထည်းကြည့်လိုက်ရသလိုပါဘဲ။နဂိုမဟုတ်ပဲပုံဖျက်ထားတဲ့
သမိုင်းကိုသာဖတ်ရှုလေ့လာနိုင်ခွင့်ရခဲ့ကြပါတယ်။
သို့ပေမဲ့၊အဆိုတော်ဗဒင်ရဲ့သီချင်းထည်းကလို…

မြင်တယ်…..စိတ်ကူးထဲလဲမြင်တယ်……
အိမ်မက်ထဲလဲမြင်တယ်။ ပြည်သူတွေကတော့သိနေပါတယ်။
မြင်ပါနေတယ်။ပြောခွင့်မ၇ှိခဲ့ကြလို့သာပါ။

၁၉၆၇ခုနှစ်မှာဆန်ရောင်းပြီးလူလုပ်နေတဲ့နိုင်ငံဟာစားစရာ
ဆန်မရှိလောက်အောင်ရှားသွားပါတယ်။စားစရာဆန်မရှိတော့
လူတွေလှုပ်လှုပ်ရွရွဖြစ်လာပါတယ်။

စစ်တွေမှာဆန်လုပွဲဖြစ်တော့ဗိုလ်ချုပ်နေ၀င်းဦးဆောင်တဲ့
တော်လှန်ရေးကောင်စီအစိုးရကတပ်ကိုပစ်မိန့်ပေးပါတယ်။
လူတွေသေကြကျေကြဖြစ်ပါတယ်။ဘယ်နှစ်ဦးသေတယ်၊
ဘယ်နှစ်ဦးဒဏ်ရာရကြောင်းမှတ်တမ်းမရှိပါဘူး။သတင်းစာ
တွေကဖုံးထားပါတယ်။ဒါကြောင့်တိုင်းပြည်ကလုံးဝဒီကိစ္စကို
မသိလိုက်ကြပါဘူး။သို့ပေမဲ့သတင်းစာတွေမှာတရုတ်ကျောင်း
သားတွေအစိုးရအမိန့်ဖီဆန်ပြီးကျောင်းကိုမော်စီတုံးတံဆိပ်
တပ်ပြီးလာတဲ့သတင်းကိုရေးကြီးခွင်ကျယ်လုပ်ပြီးဖေါ်ပြပါတယ်။

လိုရင်းတိုရှင်းဆိုရရင်တော့ပြည်သူတွေငတ်လို့ဆူပူတော့မဲ့
ဆဲဆဲမှာတရုတ်ကိုပြဿနာရှာပြီးမြန်မာပြည်သူကိုဆူပူအောင်
ဆွပေး၊ပြီးတော့မှတရုတ်အမျိုးသားတွေအကြောင်းမဲ့သေကြေ
ပျက်စီးပြီးစတေးခံရတဲ့တရုတ်ဗမာအရေးအခင်းကိုဖန်တီးတာပါ။
သည်လိုနဲ့တရုတ်အစိုးရကလည်းသူတို့ရဲ့ရုပ်သေးဗကပဗမာ
ကွန်မြူနစ်ပါတီကိုကြားခံ(proxy)ထားပြီးတရုတ်ဗမာစစ်ပွဲကိုတန်ပြန်ု
ဖန်တီးခဲ့တာပါ။

ဒီတော့စဉ်းစားကြည့်ပါ။

၁၉၆၂ခုမှာရှမ်းစော်ဘွားတွေဖယ်ဒရယ်အဆိုကိုတင်ပါတယ်။
ဦးနုရဲ့ပထစအစိုးရဦးဆောင်ပြီးအတိုက်အခံဖဆပလ၊ပမညတအဖွဲ့
ခေါင်းဆောင်တွေအတူပါဝင်ပြီးဆွေးနွေးနေကြပါတယ်။
သည်အချိန်မှာမြန်မာနိုင်ငံခေါင်းဆောင်တွေ(အရပ်သားနဲ့ဗိုလ်ချုပ်နေ၀င်း
အပါအ၀င်)ဟာတရုတ်နိုင်ငံအစိုးရနဲ့နှစ်နိုင်ငံနယ်နမိတ်သတ်မှတ်ရေး
ပြဿနာကိုနှစ်ကြာရှည်စွာဆွေးနွေးပြီးနှစ်အပေးအယူလုပ်ခြင်းဖြင့်နှစ်
နိုင်ငံနယ်နမိတ်စာချုပ်ကိုအောင်မြင်စွာချုပ်ဆိုပြီးခဲ့တဲ့အချိန်လည်းဖြစ်
ပါတယ်။တနည်းအားဖြင့်၁၉၅၅ခုမှာမြန်မာနိုင်ငံပိုင်နက်လို့ယူဆတဲ့
ဝနယ်မြေအတွင်းမှာတရုတ်တပ်မတော်နဲ့မြန်မာ့တပ်မတော်တို့အပြန်
အလှန်ပစ်ခတ်မှုတွေနဲ့စတင်ခဲ့တဲ့နိုင်ငံရေးပြဿနာကိုငြိမ်းချမ်းစွာ
ဆွေးနွေးရင်းနှစ်နိုင်ငံအပေးအယူတွေလုပ်ပြီးအောင်မြင်စွာဖြေရှင်းခဲ့
ကြပါတယ်။မြန်မာခေါင်းဆောင်တွေအဖို့ငြိမ်းချမ်းစွာဖြေ၇ှင်းခြင်းအတွေ့
အကြုံတွေရပြီးစပူပူနွေးနွေးရှိနေတဲ့ကာလလည်းဖြစ်ပါတယ်။
နယ်စပ်ပြဿနာဟာ၊တရုတ်တပ်နဲ့ဗမာတပ်၊နှစ်နိုင်ငံနယ်စပ်ဖြစ်တဲ့
ဝနယ်မြေမှာပစ်ကြခတ်ကြနဲ့စပါတယ်။

နှစ်နဲ့ချီပြီးနှစ်ဖက်ဆွေးနွေးရင်းကမြန်မာဖက်ကဖီမော်ဂေါ်လန်၊ကန်ဖန်
ရွာကြီးသုံးရွာကိုပေးဖို့သဘောတူနယ်တရုတ်အစိုးရဖက်ကလည်း
၁၉၄၁ခုနှစ်မှဲာဗြိတိသျှနယ်ချဲ့အစိုးရနဲ့ကူမင်တန်အစိုးရတို့သဘောတူ
သတ်မှတ်ခဲ့တဲ့(1941 line)၁၉၄၁ခုနှစ်လိုင်းကိုလက်ခံဖို့သဘောတူခဲ့ပါတယ်။ ဒီသဘောတူညီချက်အရ၁၉၄၁လိုင်းရဲ့အနောက်ဖက်ချမ်းကိုဗမာပိုင်အဖြစ်
လက်ခံသတ်မှတ်ပါတယ်။ဗမာပိုင်နယ်မြေအဖြစ်တရုတ်ဖက်ကလက်ခံ
သတ်မှတ်တဲ့၁၉၄၁လိုင်းရဲ့အနောက်ဖက်ခြမ်း(Namwan Tract)မှာ
ဝနယ်မြေတွေနဲ့ အခါ(Akha) လူမျိုးတို့ရဲ့နယ်မြေတွေပါဝင်ပါတယ်။
ဒါတရုတ်ဗမာနှစ်နိုင်ငံအကြားနယ်နမိတ်ပြဿနာကိုအပေးအယူလုပ်ပြီး
ငြိမ်းချမ်းသောနည်းနဲ့အောင်မြင်စွာဆွေးနွေးဖြေရှင်းခဲ့တဲ့အထင်ကရ
သာဓကကြီးပါ။
ဒီတော့၁၉၆၂ခုဖယ်ဒရယ်ဆွေးနွေးပွဲမစမီကာလမှာသူ့ဖက်ကိုယ့်ဖက်
လိုလားချက်တွေကိုအသားကုန်မြှင့်တင်ပြီးတောင်းဆိုသံရှိခဲ့ပါတယ်။
ဖယ်ဒရယ်မရရင်ခွဲထွက်မယ်….ဆိုတဲ့ခြိမ်းခြောက်သံမျိုးတွေပါ။
ဒါဟာအပေးအယူဆွေးနွေးပွဲမစခင်ကြားရလေ့၇ှိတဲ့လက်ခမောင်းခတ်
သံတွေညာသံပေးတဲ့အသံတွေပါ။

အပေးအယူလုပ်ရမဲ့ဆွေးနွေးပွဲညှိနှိုင်းပွဲတွေရဲ့သဘောသဘာဝ၊
ပမာဏပွဲဦးထွက်အသံပါ။
နယ်စပ်ပြဿနာရဲ့အစမှာကြားခဲ့ရတဲ့ဝနယ်မြေမှာကသေနတ်သံ
တွေနဲ့လုံးဝကွာခြားပါတယ်။

နှစ်နိုငံတပ်မတော်နှစ်ခုအကြားအပြန်အလှန်ပစ်ခတ်မှုတွေနဲ့
စခဲ့တဲ့နယ်စပ်ပြဿနာဧရာမကြီးကိုတောင်နှလုံးရည်နဲ့အောင်မြင်
စွာဖြေရှင်းနိုင်ခဲ့တဲ့အရပ်သားခေါင်းဆောင်တွေပါ။
သို့ပေမဲ့ဗိုလ်ချုပ်နေ၀င်းဦးဆောင်တဲ့တပ်မတော်ဟာဒီလိုတောင်း
ဆိုချက်တွေကိုအကြီးအကျယ်ပြဿနာအဖြစ်ဖန်တီးပြီးတိုင်းပြည်
ကြီးပြိုကွဲပါတော့မယ်၊တိုင်းပြည်ကြီးချောက်ထည်းကျရန်လက်နှစ်
လုးံသာလိုပါတော့တယ်ဆိုတဲ့ဆင်ခြေဆင်လက်ကိုဖန်တီးပါတယ်။
အမှန်တကယ်ကဗိုလ်ချုပ်နေ၀င်းနဲ့အပေါင်းပါတွေသာတိုင်းပြည်ရဲ့
အချက်အချာဖြစ်တဲ့စားဝတ်နေရေးနဲ့စီးပွားရေးကိုတိမ်တိမ်တွေးပြီး၊
လွယ်လွယ်နဲ့အကောင်အထည်ဖေါ်ခဲ့လိုက်ကြသည်ကြောင့်ပြည်သူ
တွေအငတ်ပြဿနာပေါ်ပြီးဆူတော့ပူတော့မဲ့အနေအထားကိုရောက်
ရှိအောင်တွန်းပို့ခဲ့သူတွေပါ။
တိုင်းပြည်ကိုချောက်ထည်းကျရန်လက်နှစ်လံုးအလိုသို့ပို့ဆောင်
ခဲ့ကြသူတွေပါ။

 

ကိုယ့်အမြီးကိုယ်ဖမ်း၊လိုက်တမ်းပြေးတမ်းကစားပြမယ်
သည်အနေအထားကိုကျော်လွှားဖို့ရာတရုတ်ဗမာအရေးအခင်းကို
ဖန်တီးခဲ့ခြင်းအားဖြင့်အမှားပေါ်အမှားဆင့်ခဲ့ပြန်ပါတယ်။သည်ထပ်ဆင့်
အမှားများနဲ့အတူဗိုလ်ချုပ်နေ၀င်းဟာတရုတ်ဗမာပေါက်ဖေါ်ချစ်ကြည်
ရေးကိုဟိုက်ကဘားထဲသို့ပစ်ချလိုက်ပါတော့တယ်။တိုင်းပြည်နဲ့တပ်မ
တော်ကိုလည်းဗကပအမည်ခံတရုတ်တပ်နဲ့စစ်ပွဲချောက်ကမ္ဘားထည်း
သို့ကန်ချခဲ့ပါတော့တယ်။
ဗကပ/တရုတ်ဗမာစစ်ပွဲတွေမှာတပ်မတော်ဖက်မှအသေအပျောက်၊
ဒဏ်ရာရသူစာရင်းကိုအတိအကျရဖို့ရာမလွယ်ကူပေမဲ့အစိုးရသတင်းစာ
တွေမှာတပ်မတော်သားတွေရဲ့အကျဆုံး၊နာရေးကြော်ညာထည့်သွင်းခွင့်
ပိတ်ပင်ခဲ့တဲ့အထိဖြစ်ရပ်တွေကိုကြည့်ခြင်းအားဖြင့်၁၉၆၈မှာစတင်ခဲ့တဲ့
တရုတ်ဗမာစစ်ပွဲဟာမြန်မာ့တပ်မတော်သမိုင်းမှာဆုံးရှုံးမှုနဲ့အသေအ
ပျောက်နှုန်းအမြင့်မားဆုံးစစ်ပွဲဖြစ်ခဲ့တယ်ဆိုတာလွယ်လွယ်နဲ့ခန့်မှန်း
လို့ရပါတယ်။

သို့ပေမဲ့မဆလ၀ါဒဖြန့်ချီရေးယန္တရားကြီးကတော့……
ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်ပြီးတည်ဆောက်ခဲ့တဲ့တပ်မတော်ဟာ
တိုင်းပြည်ကိုဘယ်လိုရွတ်ရွတ်ချွှန်ချွှန်အသက်တွေပေးဆပ်ပြီးကာကွယ်
ပေးခဲ့ကြောင်း။ဘယ်တိုက်ပွဲမှာဖြင့်မိမိဖက်မှစစ်သည်ဘယ်နှစ်ယောက်
အသက်ကိုပေးဆပ်ခဲ့ကြောင်းဖေါ်ပြမှုတွေကိုပြည်သူပိုင်မီဒီယာတွေက
မှတဆင့်ကြိမ်ဖန်များစွာထုတ်လွှင့်ဖြန့်ချီခဲ့ကြပါတယ်။
တကယ်တော့ဗိုလ်ချုပ်ကြီးနဲ့အပေါင်းပါတွေဖန်တီးခဲ့တဲ့ချောက်ထည်း
ကျရောက်နေတဲ့တိုင်းပြည်မှာပြည်သူ့အညွှန့်အဖူးဖြစ်တဲ့ငယ်ရွယ်သူ
ဗိုလ်တွေ၊အကြပ်တပ်သားစစ်သည်တွေသာမရေမတွက်နိုင်အောင်သေ
ကျေကျဆုံးခဲ့ရတဲ့အဖြစ်ဆိုးကြီးသာပါ။
မိမိတို့ဖန်တီးတြဲ့ပဿနာကြောင့်တိုင်းပြည်ရဲ့အဖိုးတန်တဲ့လူသားအရင်း
အမြစ်တွေစိတ်မချမ်းမြေ့ဖွယ်ရာပေးဆပ်၊သေကျေ၊ပျက်စီး၊လေလွင့်ခဲ့
ရခြင်းကိုဘဲ…တမျိုးတမြီလုပ်ကြံဖန်ဆင်းပြီး….
မိမိတို့ဖန်တီးတဲ့ပြည်ပအန္တရာယ်တွေကိုမိမိတို့တော်တတ်အောင်မြင်စွာ
ဦးဆောင်လေ့ကျင့်တည်ထောင်ထားတဲ့တပ်မတော်နဲ့စစ်သည်တွေက
ဘယ်လိုရွပ်ရွပ်ချွှန်ချွှန်တိုက်ခိုက်ကာကွယ်ခဲ့ကြောင်း…..ဆိုတာတွေဟာ
တကယ်တော့ကိုယ့်အမြီးကိုယ်ဖမ်း၊လိုက်တမ်းပြေးတမ်းကစားရင်းအစွမ်း
ပြနေလေတဲ့ကြောင်တကောင်ကိုကြည့်နေရသလိုပါဘဲ။

 

အရပ်ဖက်စစ်ဖက်သင်္ခန်းစာ

 

မြန်မာ့နိုင်ငံရေးကိုစစ်တပ်လက်အောက်ခံနယ်ပယ်အဖြစ်သွတ်သွင်းခဲ့ပြီး
နှစ်(၅၀)ကျော်ကြာအကျည်းတန်အရုပ်ဆိုးတဲ့သမိုင်းကိုဖန်တီးခဲ့သူဗိုလ်ချုပ်
နေ၀င်းရဲ့လုပ်ဆောင်ချက်တွေကိုနားလည်သဘောပေါက်ဖို့ရာအမေရိကန်
ကြည်းတပ်စစ်ဦးစီးတက္ကသိုလ် မှအစိုးရရေးရာပါမောက္ခမေရီဘက်သ်ဦးလ်
ရစ်ခ်(Marybeth P.Ulrich,US Army Professor of Government) ရဲ့ဆင့်မြင့်ခေါင်းဆောင်များအတွက်အရပ်ဖက်စစ်ဖက်ဆက်ဆံရေးဖတ်စာ
(A Primer On Civil-Military Relations For Senior Leaders) ကိုဖတ်ရှုလေ့လာသင့်ပါတယ်။ပါမောက္ခမေရီဘက်သ်ဟာဒီဆောင်းပါးကို
( U.S. ARMY WAR COLLEGE GUIDE TO NATIONAL SECURITY ISSUES, 2008)အမေရိကန်ကြည်းတပ် စစ်ဦးစီးတက္ကသိုလ်မှ၂၀၀၈ခုမှာထုတ်ဝေတဲ့
နိုင်ငံတော်လုံခြုံရေး ကိစ္စရပ်များနှင့် ပတ်သက် သည့်လမ်းညွှန်မှာခုလိုရေးသား
ခဲ့ပါတယ်။

 

…there are distinct differences in political and military agents’ political and
military competencies. Political agents are likely to have greater experience
in the strategic and political di- mensions of national security policy,
while military agents will be more rooted in the technical ex- pertise and
operational knowledge related to the use of force.

……However, the distinct responsibilities of military and civilian actors
must always be main- tained. The responsibility for national policy
decision-making cannot be ceded to military actors, regardless of the
perception of the military leadership’s expert knowledge. Civilian national
leaders, especially the President, should be careful not to blur the vastly
different scopes of political and military decision-making. Senior Officers
must keep in mind that they render advice to elected officials responsible
for the nation’s overall national policy. Such policy decisions must take
into account the feasibility and political sustainability of various courses
of action

 

နိုင်ငံရေးသမားတွေနဲ့စစ်ခေါင်းဆောင်တွေအကြားမှာကျွမ်းကျင်မှုနဲ့ပတ်သက်လို့
ထင်ထင်ရှား၇ှားကွဲပြားတာတွေရှိပါတယ်။နိုင်ငံရေးသမားတွေဟာနိုင်ငံတော်
လုံခြုံရေးကိစ္စရပ်တွေမှာအတွေ့အကြုံအားဖြင့်မဟာဗျူဟာချမှတ်ရေးနဲ့နိုင်ငံရေးရှု
ထောင့်အမြင်တွေဖက်မှာပိုပြီးအားသန်လေ့ရှိတယ်။စစ်ဖက်ခေါင်းဆောင်တွေက
တော့လက်နက်ကိုင်အကြမ်းဖက်နည်းနဲ့အကြုံးဝင်တဲ့စစ်ဆင်ရေးဆိုင်ရာနည်း
ပညာပိုင်းမှာအခြေခံတယ်။
မည်သို့ဆိုစေ……စစ်ဖက်ခေါင်းဆောင်တွေနဲ့အရပ်ဖက်ခေါင်းဆောင်တွေ
အကြားထင်ထင်ရှာရှားကွဲပြားတဲ့တာဝန်တွေကိုသတ်သတ်မှတ်မှတ်ခွဲခြားထား
တဲ့စည်းကိုဘယ်သောအခါမှမမှေးမှိန်စေအပ်ဘူးဒီအချက်ကိုအရပ်ဖက်နိုင်ငံရေး
ခေါင်းဆောင်တွေ။အထူးသဖြင့်သမတအနေနဲ့သည်အချက်ကိုအထူးဂရစြိုက်ပြီး
အလေးထားသင့်တယ်။
စစ်ခေါင်းဆောင်တွေရဲ့ကျွမ်းကျင်မှုဆိုင်ရာအသိပညာဟာဘယ်လောက်ဘဲ
အထင်ကြီးစရာကောင်းပေမဲ့နိုင်ငံတော်မူဝါဒပေါ်လစီနဲ့သက်ဆိုင်တဲ့ကိစ္စတွေ
အပေါ်ဆုံးဖြတ်ချက်ချမှတ်တဲ့တာဝန်ကိုဘယ်သောအခါမှစစ်ဖက်ဆိုင်ရာအကြီး
အကဲတွေလက်ထည်းမလွှဲအပ်သင့်ဘူး။စစ်ဖက်ခေါင်းဆောင်တွေအနေနဲ့လည်း
နိုင်ငံတော်လုံခြုံရေးဆိုင်ရာကိစ္စတေါမှာငါတို့ရဲ့တာဝန်ဟာပြည်သူတွေကရွေး
ကောက်တင်မြှောက်ထားတဲ့တာဝန်ရှိခေါင်းဆောင်တွေကိုနိုင်ငံတော်တ၀ှမ်းလုံးနဲ့
ပတ်သက်တဲ့အကြံတွေပေးရုံစာဆိုတဲ့အချက်ကိုအစဉ်အမြဲသတိ၇ှိနေဖို့လိုအပ်ပါတယ်။
(ဆက်လက်ဖေါ်ပြပါမည်)